Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်း ခံရသူများကတိသစ္စာပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသူများကတိသစ္စာပြုစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသူများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။

မတ်လ(၃၁)ရက်က ကျင်းပခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များသည် ယနေ့၊ မွန်းလွဲ (၁)နာရီတွင် ကတိသစ္စာပြုခဲ့ကြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.