Politics, Law & Military
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် ငွေကျပ် ၉,၇၅၆.၁၆၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် ငွေကျပ် ၉,၇၅၆.၁၆၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ၁၃း၃၀နာရီ အချိန်တွင် တပ်မတော်မှ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအနီးရှိ တောအုပ်အတွင်းတွင် ဆာလာအိတ်တစ်လုံးထမ်း၍ လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား တွေ့ရှိ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆာလာအိတ်အား ပစ်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆာလာအိတ်အား ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ ၃၈ .၂၈ ကီလိုနှင့် ဘိန်းစိမ်း ၃၁.၀၂၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)