Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဝင်ခနီးကျေးရွာအနီး ရေထိန်းတံခါး တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ လျာထားစာရင်းတွင် ထည့်သွင်းရေးဆွဲထား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဝင်ခနီးကျေးရွာအနီး ရေထိန်းတံခါး တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေလျာထားစာရင်းတွင် ထည့်သွင်း ရေးဆွဲ တင်ပြထားပြီး ရန်ပုံငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

ဒုတိယအကြိမ် ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ အဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်နိုင်ထွန်းက သန်လျင်မြို့နယ်၊ ဝင်းခနီးကျေးရွာရှိ ချောင်းအား ပင်လယ်ဆားငန်ရေများ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပြီး ကွင်းရေများချိန်တွင် လိုအပ်သလို ရေပြန်ထုတ်ပစ်နိုင်ပြီး နွေစပါးများ စိုက်ပျိုးနိုင်ရန် ရေချိုကိုသိုလှောင်ပေးနိုင်မည့် ရေထိန်းတံခါးတစ်ခု တည် ဆောက်ပေးနိုင်ခြင်း ရှိ၊မရှိကို သိရှိလိုကြောင်း မေးမြန်းရာ ဝန်ကြီးဦးဟံထွန်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သန်လျင်မြို့နယ် ဝင်ခနီးကျေးရွာအနီးမှာ တည်ဆောက်မည့် ဝင်းခနီးရေထိန်းတံခါးအတွက် ရေထိန်းတံခါး တည်ဆောက်ရေး ဘူမိဗေဒ စမ်းသပ် လေ့လာမှုများကို ကြိုတင်ဆောင်ရွက်နိုင်ဖို့ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေမှ တင်ပြတောင်းခံထားပြီး ရန်ပုံ ငွေရရှိပါက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေထိန်းတံခါး တည်ဆောက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ လျာထားစာရင်းမှာလည်း ထည့်သွင်းရေးဆွဲ တင်ပြထားပြီး ဖြစ်ပါတယ်။ ရန်ပုံငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး၏ (၁၄)ရက်မြောက်နေ့ကို မနက်ဖြန်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.