Connect with us

Science & Technology

ထုံးဘို တပ်မတော်အကြီးစားစက်ရုံမှ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ် အစီး ၁၀၀ ထိ ထုတ်လုပ်နိုင်ဟုဆို

ထုံးဘို တပ်မတော်အကြီးစားစက်ရုံအတွင်း ကားများထုတ်လုပ်ထားမှုအား တွေ့ရစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ထုံးဘို တပ်မတော်အကြီးစားစက်ရုံမှ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ် အစီး ၁၀၀ ထိထုတ်လုပ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၆ ခုနှစ်တွင် စက်ရုံအား တပ်မတော်မှ လွှဲပြောင်းရယူပြီးချိန်၌ ရပ်တန့်နေသော မော်တော်ယာဉ်နှင့် အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ယခုအခါမော်တော် ယာဉ်များ စတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ အစီး ၁၀၀ မြောက် ထုတ်လုပ်ပြီးစီးနိုင်၍ ဂုဏ်ပြုပါကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထုံးဘိုရှိ တပ်မတော် အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း မော်တော်ယာဉ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ထားရှိမှု၊ Machine Shop နှင့် Diesel Engine Manufacturing Plant အတွင်း လိုင်းများအတွင်းရှိ အင်ဂျင် ထုတ်လုပ်သည့် လိုင်းများရှိ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို) သည် ယခင်က အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်၍ Mazada Jeep ၊ B -600၊ T-2000၊ မော်တော်ယာဉ်များထုတ်လုပ်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှ လွှဲပြောင်းရယူခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များအား ဆက်လက်တပ်ဆင် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.