Connect with us

Science & Technology

၇ကြိမ်မြောက် နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ အောက်တိုဘာလ တွင် ကျင်းပမည်

နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၇ကြိမ်မြောက် နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ (Construction, Power & Mining Myanmar Exhibition) ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၉ ရက် မှ ၁၁ ရက် အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင်  မြန်မာနိုင်ငံ၏ အဆောက်အဦနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားပြန်လည်ပြည့်ဖြိုးရေး၊ သတ္တုတွင်းတူးဖော်ရေး၊ ဓာတ်သတ္တုထုတ်လုပ်ရေးနှင့် သက်ဆိုင်သောစက်ပစ္စည်းများအားခင်းကျင်းပြသမည့် ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ပြပွဲအား ရန်ကုန်တိုင်းဒေသကြီး ရှိ  Myanmar Expo (ME) ခန်းမ၌ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ <http://bit.ly/CPMM2019Reg>ဤလင့်ခ်တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

၎င်းပြပွဲတွင် (စက်ယန္တရားများလည်ပတ်ပြသနေမည်ဖြစ်) သောကြောင့် ၁၈နှစ်ပြည့်ပြီးသူများသာ ပြပွဲခန်းမအတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.