Connect with us

Social

ကျပ်သိန်း နှစ်သောင်းဆု ချီးမြှင့်မည့် အောင်ဘာလေထီ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ်ရှိ

အောင်ဘာလေထီဖွင့်စဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း နှစ်သောင်းချီးမြှင့်မည့် ကျပ်တစ်ထောင် တန် အောင်ဘာလေထီ လာမည့် ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၏ အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။

ကျပ် ၅ဝဝ တန် အောင်ဘာလေထီ နှင့် အမြင့်ဆုံးဆုကြေး ကျပ်သိန်း တစ်သောင်း အပါအဝင် ဆုမဲပေါင်း တစ်သိန်းကျော် ဖွင့်လှစ်လျက်ရှိရာတွင် ထပ်မံ၍ ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ပြည်ထောင်စု အစိုးရ ၏ ခွင့်ပြုချက်ရရှိပါက ရောင်းချ ပေးသွားရန် အစီအစဉ်ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရ သည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်က အမြင့် ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်း ချီးမြှင့်ခဲ့သည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီကို စတင်ဖွင့်လှစ်ခဲ့ ရာ ဆုမဲပေါင်း တစ်သိန်းကျော် ချီးမြှင့် လျက်ရှိသည်။ လက်ရှိတွင် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများအနေ ဖြင့် အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်း အပါအဝင် ကျပ်သိန်း ငါးထောင်ဆု၊ ကျပ်သိန်း သုံးထောင်ဆု၊ ကျပ်သိန်း တစ်ထောင်ဆု၊ ဆုတစ်ဆုချင်းစနစ် တွင် ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်း ငါးဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆု၊ ကျပ်ငါးသောင်းဆု တို့ဖြစ်ပြီး ထီလက်မှတ် ရောင်းချခဲ့ သည့်အပေါ်မူတည်၍ ထီလက်မှတ် စာအုပ်ရောင်းရငွေပေါင်းမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေ ပေးပြီး ကျန် ၄ဝ ရာခိုင်နှုန်းကို နိုင်ငံ တော် ဘဏ္ဍာငွေအဖြစ် ထည့်ဝင်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.