Connect with us

Social

ကျပ် ၅၀၀ တန်ထီတွင် ကျပ်သိန်းငါးထောင်၊ သိန်းသုံးထောင်နှင့်သိန်းတစ်ထောင် ဆုအရေအတွက်များ တိုးမြှင့်ထား

ကျပ်၅၀၀ တန် ထီရွေးနေသူတို့အားတွေ့ရစဉ်

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

လာမည့် ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာ လေထီတွင် အမြင့်ဆုံးဆုကြေး ကျပ်သိန်း တစ်သောင်းအပြင် ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှင့် ကျပ်သိန်းတစ်ထောင် ဆုတို့ကို ဆုအရေအတွက် ထပ်တိုးချီးမြှင့်မည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရ သည်။

ယခုလ ၁ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် ကျပ်သိန်း တစ်သောင်းဆုအပြင် ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်း သုံးထောင်ဆု သုံးဆု၊ ကျပ်သိန်း တစ်ထောင်ဆု ခြောက်ဆုအထိ ထပ်တိုးချီးမြှင့်သွား မည်ဖြစ်ပြီး ကျပ်သိန်း ၅ဝဝ ဆု ရှစ်ဆု၊ ကျပ်သိန်း ၃ဝဝ ဆု ကိုးဆု၊ ကျပ်သိန်း ၁ဝဝ ဆု ကိုးဆု၊ ကျပ်သိန်း ၅ဝ ဆု ၁၂ ဆု၊ ကျပ်သိန်း ၃ဝ ဆု ၁၂ ဆု၊ ကျပ် ၁ဝ သိန်းဆု ၁၃ ဆု၊ ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ် ၃ သိန်းဆု (အက္ခရာ နှင့် ရှေ့ဂဏန်း ၅ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝ ဆု၊ ကျပ် ၂ သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်း ၄ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝဝ ဆု၊ ကျပ် ၁ သိန်း (အက္ခရာနှင့် ရှေ့ဂဏန်း ၃ လုံးတူ) ၁၂ ယူနစ် ဆု ၁၂ဝဝဝ ဆု၊ ကျပ် ၅ သောင်းဆု (အက္ခရာနှင့် ရှေ့ဂဏန်း ၂ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝဝဝဝ ဆု စုစုပေါင်းဆုမဲအရေအတွက် ၁၁၃,၁၇၅ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။

ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်တွင် (၁) ကြိမ်မြောက် ထီဖွင့်ပွဲမှ (၃) ကြိမ်မြောက် ထီဖွင့်ပွဲအထိ အမြင့်ဆုံးဆုကြေး ကျပ်သိန်း ၁ဝဝဝဝ ဆု တစ်ဆု၊ ကျပ်သိန်း ၅ဝဝဝ ဆုတစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ ဆု တစ်ဆုတို့အပါအဝင် ကျပ်သိန်း ၁ဝဝ၊ ကျပ်သိန်း ၅ဝ၊ ကျပ် ၁ဝ သိန်းနှင့် ပဒေသာ ဆုမဲစနစ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၃ဝဝဝ ဆုကို ထည့်သွင်းချီးမြှင့် ခဲ့ခြင်းဖြစ်သည်။

ယခု ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်တွင် ပင်မထီ “က” အက္ခရာမှ အစဉ်လိုက် “ဖ”အက္ခရာ အထိ အက္ခရာအလုံးရေ ၂၂ လုံးနှင့် အရန်ထီ“ကက”အက္ခရာမှ အစဉ်လိုက် “ကဖ”အက္ခရာအထိ ၂၂ လုံး စုစုပေါင်းအက္ခရာ ၄၄ လုံး၊ ထီစာအုပ်ပေါင်း ၃၅၉၉၉၉၂ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၉၅၉၉၉၁၂ စောင် ရောင်းချခဲ့ရပြီး ယခင်အကြိမ်များထက် ဆုမဲများ တိုးမြှင့်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီကိုယ်စားလှယ်များသို့ ဖြန့်ဖြူး ခဲ့သည့် ထီလက်မှတ်စာအုပ်များ ရောင်းချခဲ့မှုအပေါ် ဆုမဲခွဲဝေပုံစနစ်တွင် ထီလက်မှတ်ရောင်းရငွေပေါင်းမှာ ကျပ် ၁၇၉၉၉ . ၉၆ သန်းဖြစ်ကာ ယင်းအနက် ၄ဝ ရာခိုင်နှုန်းကိုနိုင်ငံတော် အခွန်ရငွေအဖြစ် ပေးသွင်းပြီး ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးမည်ဖြစ်ရာ ငွေကျပ် ၁ဝ၇၉၉ . ၉၇၆ သန်းကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ သတင်းထုတ်ပြန်ချက် အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.