Connect with us

Social

မြေအောက်မြစ်ထွက်ပေါက်များ ပြုပြင်ရာ၌ ဗိုလ်တထောင်နှင့် ကျောက်တံတားမြို့နယ်များကို ဦးစားပေး ဆောင်ရွက်မည်

ရွှေဘုံသာလမ်းရှိ အဓိကမြစ်ထွက်ပေါက်ဖြစ်သော ရေမြောင်းကြီးအားရှင်းလင်းနေစဉ်(ဓာတ်ပုံ- PCCD)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ မြေအောက်ရေထွက်ပေါက်များနှင့် ဆက်သွယ်ထားသော မြစ်ထွက်ပေါက်များ ပြုပြင်ရာ၌ ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတား မြို့နယ်တို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)ထံမှ သိရသည်။

မြစ်အတွင်းသို့ ရေများကောင်းမွန်စွာ စီးဆင်းနိုင်ရန် မြစ်အတွင်းသို့ စီးဆင်းနေသည့် ရေထွက်ပေါက်များ ကို ပြုပြင်မည်ဖြစ်ပြီး အဆိုပါ ပြုပြင်ရေးလုပ်ငန်းအတွက် ကမ္ဘာ့ဘဏ်မှ ငွေကျပ် ၆ဝ ဘီလီယံ ချေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းကလည်း မြစ်ထွက်ပေါက်သွားရာ ရေနုတ်မြောင်းများနှင့် မြေအောက်မြောင်းများကို ပြုပြင်ခဲ့ပြီး မြစ်ထွက်ပေါက်များ ပြုပြင်ရန် နည်းပညာ အကူအညီ လိုအပ်လျက်ရကြောင်း၊ ကုန်ကျစရိတ်သည် မြို့အတွင်းပိုင်း ပြုပြင်မှုများထက် ပိုမိုကုန်ကျနိုင်မည်ဖြစ်၍ လက်ရှိတွင် ဘတ်ဂျက်ရရှိရေး တင်ပြထားပြီးဖြစ်ရာ ဘတ်ဂျက်ရရှိပါက လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်မြို့၏ မြေအောက်တွင် ဆက်သွယ်ဖောက်လုပ်ထားသော မြစ်ရေထွက်ပေါက် ၄၂ ခုရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.