Connect with us

Social

နိုင်ငံတစ်ဝန်းရှိ လူငယ်များ အသိပညာ ၊ အတတ်ပညာ၊ ဗဟုသုတ နှင့် ကျင့်ဝတ် တန်ဖိုးများ အချင်းချင်းမျှေ၀ ပေးနိုင်ရန် လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပမည်

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အချင်းချင်းမျှေ၀ ပေးနိုင်ရန် လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ရည်ရွယ် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပွဲတော်ကို အနာဂတ်မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းများအား လူငယ်များ၏ အတွေး အခေါ်များဖြင့် တည်ဆောက် အကောင်အထည် ဖော်နိုင်ရန် ပွဲတော်ကို ရည်ရွယ်ကြောင်းလည်း သိရသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ကျင်းပရခြင်းမှာ လူငယ်များ ကျင်လည်ရာ တက္ကသိုလ် နယ်မြေတွင် ပျော်ရွှင်ဖွယ်၊ စိတ်အားတက်ကြွဖွယ် ပွဲလမ်းတစ်ခု ဖန်တီးပေးနိုင်ရန်၊ နှစ်ကာလကြာပြီးနောက် ယခုပွဲတော်ကို ပြန်လည်ပြောဆိုစရာ ပွဲတော်တစ်ခုအဖြစ် အမှတ်တရ ကျန်ရှိစေရန်၊ တန်ဖိုးရှိသောအတွေ့အကြုံများ ရရှိနိုင်ရန်၊ ကျောင်းသားကျောင်းသူ လူငယ်များ လမ်းမှားမရောက်စေဘဲ ကျန်းမာသန့်ရှင်းသည့် ဝန်းကျင်ကောင်းတစ်ခု ပေါ်ပေါက်စေရန်၊ အများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောကြားသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပွဲတော် ကျင်းပရာတွင် ထည့်သွင်းစဉ်းစား သင့်သည့် အချက်အလက်များ ၊ ပွဲတော် ကျင်းပရေးဆိုင်ရာ စီမံချက်မူကြမ်း ၊ ပြခန်းခင်းကျင်း ပြသခြင်း၊ ဖျော်ဖြေရေးနှင့် ပြပွဲများကျင်းပခြင်းဆိုင်ရာ ကိစ္စရပ် များ ၊ ပွဲတော် နှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.