Connect with us

Social

အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာများကို နှစ်စဉ် ကျပ် တစ် ဘီလီယံကျော် ထောက်ပံ့ဟု ပြည်ထောင်စုဝန်ကြီးဆို

ပြုစု စောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်း ဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အစိုးရ အသိအမှတ်ပြု ဂေဟာများကို နှစ်စဉ် ထောက်ပံ့ကြေး ငွေကျပ်ပေါင်း ၁ ဒသမ ၄ ဘီလီယံကျော် သုံးစွဲထောက်ပံ့လျက်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါ အစိုးရ အသိအမှတ်ပြု ဂေဟာများ ၃၄၅ခု ရှိပြီး အစိုးရ အသိအမှတ် မပြုရသေးသော ပရဟိတဂေဟာ ၄၀၆ ခုခန့်ရှိကြောင်း၊ ပရဟိတ လုပ်ငန်းများကို စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိပြီး ဆောင်ရွက်မှု ပုံစံမှာလည်း အမျိုးမျိုး ရှိသည်ကို လေ့လာ တွေ့ရှိကြောင်း ၎င်းကဆိုသည်။

ပရဟိတ ဂေဟာများသည် မိဘမဲ့ကလေးများသာမက ချို့တဲ့သော မိဘရှိ ကလေးများကိုလည်း လက်ခံ ဆောင်ရွက် နေသည်ကို တွေ့ရှိကြောင်း၊ ကလေး၏ သဘာဝမှာ မိသားစုဖြင့် နေထိုင်ခြင်းဖြင့်သာ ဖွံ့ဖြိုးတိုးတက်မှု အမှန် ရရှိနိုင်သဖြင့် မိသားစုကို ပံ့ပိုးထောက်ပံ့ခြင်း ပြုလုပ်သော နည်းသည် ပိုမို သင့်မြတ်သော စောင့်ရှောက်မှု နည်းလမ်း ဖြစ်ပါကြောင်း ဝန်ကြီးက ပြောသည်။

စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ထောက်ပံ့ရေး စည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်း ကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစု စောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်း ဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ဇွန် ၂၉ ရက်နေ့ နံနက်က နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.