Connect with us

Social

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တိုင်း ဒေသကြီး နှင့် ပြည်နယ်များတွင် ကျင်းပ

ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ကျင်းပလျက်ရှိသည်။ အဆိုပါ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် အုတ်လမ်း တွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင့် အဖွဲ့ချုပ် ရုံးခန်းအသစ် ဖွင့်ပွဲအခမ်းအနားအဖြစ် သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားအနေကဇာတင်ခြင်း နှင့် ပရိတ်တရားတော်များ ရွတ်ကြားနာယူခြင်း အခမ်းအနားကိုပြုလုပ်ခဲ့သည်။

မန္တလေးမြို့၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အမွေးသားဒီမိုကရေဒီအဖွဲ့ချုပ် အဖွဲ့ဝင်များ ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့် မွေးနေ့ကိတ်အား မွေးနေ့အခမ်းအနားတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ကို NLD နာယက ဦးတင်ဦးက ခွဲပေးခဲ့ပြီး မွေးနေ့ဆုတောင်း စကားပြောခဲ့သည်။ ယင်းအခမ်းအနားကို အဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့နှင့် ဖိတ်ကြားထားသော အလှူရှင်များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အောင်သာယာရပ်ကွက်၌ လည်း ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဧဖရိမ် မိဘမဲ့ဂေဟာရှိ စစ်ဘေးရှောင် ကလေးများ နှင့် မိဘမဲ့ကလေးများကို မိုးကုတ်မြို့ ဒေသခံများက စတုဒီသာကျွေး လှူဒါန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စတုဒီသာကျွေးခြင်း၊ သွေးလှူခြင်း၊ သစ်ပင်စိုက်ခြင်းစသည့်တို့ကို အဖွဲ့ချုပ်အဖွဲ့ဝင်များက ယနေ့ပြုလုပ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.