Connect with us

Social

ကုက္ကိုဝမြစ်ကို ရေအရင်းအမြစ် အဖြစ် အသုံးပြုရန် လျာထားပြီး လေ့လာမှုများကို ဆောင်ရွက်လျက်ရှိ

မြို့တော်စည်ပင်၏ ရန်ကုန်မြို့ ရေပေးဝေရေး စက်ရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ရေလုံလောက်စွာ သုံးစွဲနိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ရန်ကုန်မြို့ အနောက်ဘက် ဘုရင့်နောင် တံတားနှင့် ၁၈ မိုင်ခန့်အကွာ၌ တည်ရှိသည့် ကုက္ကိုဝမြစ်ကို ရေအရင်းအမြစ် အဖြစ် အသုံးပြုရန် လျာထားပြီး လေ့လာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေအရင်းအမြစ် လေ့လာရာတွင် ရေငန် ဝင်ရောက်မှု အနည်းဆုံး နေရာကို လေ့လာခဲ့ပြီး တခြားသော လေ့လာ ဆန်းစစ်မှု များလည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အကူအညီဖြင့် မြစ်ရေ အတိမ်အနက်ကို ဆန်းစစ်ခဲ့ပြီး စိုက်ပျိုးရေး အတွက် အသုံးပြုမည့် ပမာဏနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် အနည်းဆုံး ရေပမာဏကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုက္ကိုဝမြစ်မှ တစ်ရက်လျှင် ရေဂါလန် သန်း ၂၄ဝ ကို သုံးစွဲနိုင်ရေး အတွက် ပထမအဆင့် အနေဖြင့် ရေဂါလန်သန်း ၆ဝ၊ ဒုတိယအဆင့် အနေဖြင့် ရေဂါလန်သန်း ၆ဝ၊ တတိယအဆင့် အနေဖြင့် ရေဂါလန်သန်း ၁၂ဝ ထုတ်ယူနိုင်ရန် စီမံကိန်းများ ရေးဆွဲလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းမှ ပုဇွန်တောင်မြို့နယ် အပါအဝင် ရန်ကုန် အနောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များအား ၂ဝ၂၅ ခုနှစ်တွင် ရေအပြည့်အဝ ဖြန့်ဝေပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.