Connect with us

Social

ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၃၃,၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ် နေရာ၂၈,၀၀၀ ကျော်အား သြဂုတ်လ အတွင်း ခန့်ထားနိုင်ခဲ့ဟုဆို

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ပြည်ပသို့တရားဝင် စေလွှတ်ခြင်း နှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိရာ ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၃၃,၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ် နေရာ၂၈,၀၀၀ ကျော်အား သြဂုတ်လ အတွင်း ခန့်ထားနိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဩဂုတ်လ အတွင်း နိုင်ငံအလိုက် ပြည်ပ အလုပ်အကိုင် ရရှိမှု အနေဖြင့် မလေးရှားနိုင်ငံသို့၇,၈၆၆ ဦး၊ စင်ကာပူ နိုင်ငံသို့၂၃ ဦး၊ ကိုရီးယား နိုင်ငံသို့၃၉၂ ဦး၊ ထိုင်းနိုင်ငံသို့၂၄,၅၈၃ ဦး၊ ဂျပန် နိုင်ငံသို့၇၆၁ ဦး ၊ ယူအေအီး နိုင်ငံသို့ ၂၉ ဦး ၊ ဂျော်ဒန် နိုင်ငံသို့၁၄၁ ဦး၊ ကာတာ နိုင်ငံသို့၁၀ ဦး စုစုပေါင်း ၃၃,၈၀၅ ဦးတို့အား ပြည်ပ အလုပ် အကိုင် ရှာဖွေပေး နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် သြဂုတ်လ အတွင်း အလုပ်အကိုင် ရရှိမှုမှာ အစိုးရ အလုပ် ၆၁၆ ဦး နှင့် ပုဂ္ဂလိက အလုပ် ၂၈,၃၆၆ ဦး စုစုပေါင်း၂၈,၉၈၂ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ပြည်ပသို့တရားဝင် စေလွှတ်ခြင်း နှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား ဆောင်ရွက်လျက် ရှိရာတွင် ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေး နှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ် ထားရှိရန် အလုပ်အကိုင် နှင့် အလုပ်သမား ရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။(Xinhua)