Connect with us

Social

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများအား နေရပ်သို့ပို့ဆောင်ပေးမည်

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ရောက်ရှိနေ့သည့် ယမန်နေ့ညက ပြန်လည်ရောက်ရှိလာသော ် မြန်မာ နိုင်ငံသား ၁၃၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဝန်ကြီးဌာန ဓမ္မာရုံတွင် ခေတ္တထားရှိကာ စစ်ဆေးစုံစမ်းမှု များနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ကာ နေရပ်အသီးသီး သို့ ပြန်လည် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၁၁ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ငါးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ မကွေးတိုင်း ဒေသကြီးမှ နှစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၉ ဦး၊ ကရင်ပြည်နယ် မှ ရှစ်ဦး၊ မွန်ပြည်နယ်မှ ၅၇ ဦး၊ ရခိုင်ပြည်နယ်မှ ၁၆ ဦး၊ ရှမ်းပြည်နယ် မှ တစ်ဦး၊ ချင်းပြည်နယ် မှ ခုနစ်ဦး၊ နေပြည်တော် မှ တစ်ဦး စုစုပေါင်း ၁၃၈ ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်ပြန်ပို့ရေး ကော်မတီဝင်များ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လေယာဉ် စင်းလုံးငှား ခရီးစဉ် အခမဲ့ လှူဒါန်းသော Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများမှ တာဝန်ရှိသူ များနှင့် မြန်မာ လုပ်သားများ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ ကြသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၂၂၉၄ ဦးရှိရာ ယခုအဋ္ဌမ အသုတ်အထိ စုစုပေါင်း ၁ဝ၉၉ ဦးကို ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.