Connect with us

Social

ဒလ-ရန်ကုန်တံတား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးနိုင်ရေး တည်ဆောက်မည်

ဒလ-ရန်ကုန်တံတား ပုံစံအား တွေ့ရစဉ်(ဓာတ်ပုံ-Ministry of Construction)

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ-ရန်ကုန်တံတား ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးနိုင်ရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်း တို့ကို ဆက်သွယ်ထားသည့် ဒလ-ရန်ကုန်တံတား တည်ဆောက်စဉ် ကာလ အတွင်း ယာဉ်ကြော ကျပ်တည်းမှု အနည်းဆုံး ဖြစ်စေရန် ကိုရီးယား အတိုင်ပင်ခံ ကုမ္ပဏီ နှင့် Traffic Management ကို အသေးစိတ် တွက်ချက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒလ-ရန်ကုန်တံတား တည်ဆောက်ရေး စီမံကိန်းကို ကိုရီးယား သမ္မတ နိုင်ငံ စီးပွား ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေတို့ဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တံတား၏ စုစုပေါင်းအရှည်မှာ ၁၈၇၂.၅ မီတာ ဖြစ်ကြောင်း သိရသည်။
ဒလတံတားစီမံကိန်းသည် ရန်ကုန်မြို့လယ် စီးပွားရေးဗဟိုကို ရန်ကုန်မြစ်တောင်ဘက် ဒလသို့ တိုးချဲ့ ထုတ်ဖော် နိုင်ခြင်း ၊ ကော့မှူး ၊ တွံတေး ၊ ကွမ်းခြံကုန်း မြို့များ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အကူဖြစ်ခြင်း၊ ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ် ရန်ကုန်မြစ်ဝ ပင်လယ် ဆိပ်ကမ်း ဖွံ့ဖြိုးရေး တို့အတွက် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.