Connect with us

Social

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁၅ ဦး ပြန်လည် ရောက်ရှိ

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁၅ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၆၀,၄၄၆ ဦး(ကျား ၉၁,၉၄၅၊ မ ၆၈,၅၀၁)တို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ၀၉း၀၀ နာရီ အချိန် မှ ၁၈း၀၀ နာရီ အချိန်ထိ မြဝတီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၄ ဦး(ကျား ၁၂၄၊ မ ၇၀)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ (၁)ရပ်ကွက်ရှိ သွပ်ပြား ပေါက်(ဒေသအခေါ်)မှ၂၁ ဦး (ကျား ၉၊ မ ၁၂)၊ စုစုပေါင်း ၂၁၅ ဦး(ကျား ၁၃၃၊ မ ၈၂)တို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.