Connect with us

Social

ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ ကျန်းမာရေးနှင့် ပညာရေးအတွက် ထောက်ပံ့မည်

ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း စတင် တည်ထောင်ခြင်း အခမ်းအနားတွင် ဒေါ်သန်းသန်းနု မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု တည်ထောင်ထားသည့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်သန်းသန်းနုက ပြောကြားသည်။

အဆိုပါ ဖောင်ဒေရှင်း တည်ထောင်ရန် မတည်ငွေ ကျပ် သိန်း ၁၀၀ ကို ဦးနု သမီးနှင့် အလှူရှင်များက မတည်ထားပြီး ခြေလက် မသန်စွမ်းသူများ အတွက် ခြေတု လက်တု အစားထိုးပေးခြင်း၊ ကျန်းမာရေးအတွက် အရေးပေါ် လိုအပ်သော ဆေးဝါးများ ပေးလှူခြင်း၊ ပညာရေးအတွက် စာအုပ် စာတမ်းများ၊ ကျောင်းသုံး ပစ္စည်းများ ပေးလှူခြင်း၊ ပညာရေး ရံပုံငွေ အဆောက်အဦး ရံပုံငွေများ ပေးလှူခြင်း၊ အရေးပေါ် လိုအပ်သော စားသောက်ဖွယ်ရာ၊ အသုံးအဆောင် အဝတ်အထည်များ ပေးလှူခြင်း စသည်တို့ကို ကူညီ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း စတင်တည်ထောင်ခြင်း အခမ်းအနားတွင် ဒေါ်သန်းသန်းနုမှ ဆင်ဟွာ အင်တာဗျူးဖြေ နေစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ၎င်း၏ ဇနီးအမည်ဖြင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းကို သြဂုတ်လ ၆ ရက်က စတင် တည်ထောင်လိုက်ပြီး ဦးနု၏ သမီးများဖြစ်သည့် ဒေါ်စန်းစန်းနုနှင့် ဒေါ်သန်းသန်းနုတို့က ဦးစီး တည်ထောင် လိုက်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.