Social
ကမ်းနားလမ်း တစ်လျှောက် အများသုံး သန့်စင်ခန်းများ ဆောက်လုပ်လျက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ပန်းဆိုးတန်းနှင့် ကျုံးကြီးကြား ကမ်းနားလမ်း တစ်လျှောက်တွင် အများပြည်သူသုံး သန့်စင်ခန်းများ တည်ဆောက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကမ်းနားလမ်း တစ်လျှောက်တွင် အများပြည်သူသုံး သန့်စင်ခန်းများကို နေရာခြောက်နေရာ၌ တည်ဆောက်နေပြီး ယခုလအတွင်း ပြီးစီးမည်ဖြစ်ကြောင်းဆိုသည်။
အများပြည်သူသုံး သန့်စင်ခန်းများကို ပန်းဆိုးတန်းလမ်းအနီး၌ လည်းကောင်း၊ ကမ်းနားလမ်း KBZ ဘဏ်ခွဲအနီး၌ လည်းကောင်း၊ ၁၉ လမ်းအောက်ဘက်၌ လည်းကောင်း၊ မော်တင်လမ်းဆုံ အနီး၌ လည်းကောင်း၊ ဝါးတန်းလမ်း အနီး၌ လည်းကောင်း၊ ကျုံးကြီးထိပ် အောင်ရတနာ လမ်းအနီး၌ လည်းကောင်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)