Connect with us

Social

ဒီမိုကရေစီသစ် အတွက် အားလုံးပါဝင်သော လွတ်လပ်သည့် မီဒီယာ ခေါင်းစဉ်ဖြင့် ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ကျင်းပ

မြန်မာ မီဒီယာ ဖွံ့ ဖြိုးရေး ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ဒီမိုကရေစီသစ် အတွက် အားလုံးပါဝင်သော လွတ်လပ်သည့် မီဒီယာ ခေါင်းစဉ်ဖြင့် ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံအား ယနေ့နိုဝင်ဘာ ၇ ရက်တွင် စတင်၍ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အားလုံးပါဝင် နိုင်သည့် မီဒီယာ ၊ ဒီမိုကရေစီသစ်နှင့် အညီ ဆောင်ရွက် သွားမည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့မီဒီယာ ကွန်ဖရင့် ကို ကျင်းပနိုင်ခြင်း ၊ မီဒီယာ နယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် နှင့် ကျော်လွှားနိုင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခြင်းတို့သည် မီဒီယာလောက အတွက် သိသာထင်ရှားသော တိုးတက်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ လွန်ခဲ့သော ၄ ၊ ၅ နှစ် နှင့် နှိုင်းစာပါက မီဒီယာများ လွတ်လပ်ခွင့် ပိုမိုရှိလာကြောင်း၊ ထိုသို့ လွတ်လပ်သည့် ကြားကပင် သတင်းမီဒီယာသမားများ အတွက် သတင်းရယူရာတွင် အကန့်အသတ် ဖြစ်နေခြင်းမျိုးများ ရှိနေဆဲ ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ညီလာခံတွင် UNESCO Myanmar မှ Ms.Min Jeong Kim က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ညီလာခံတွင် မြန်မာ သတင်းပညာ သိပ္ပံ၏ အမှုဆောင် ဒါရိုက်တာ ဦးသီဟစောက မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ အဖွင့် မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ကျင်းပနေမှု မြင်ကွင်းများ(ဆင်ဟွာ)

အစိုးရ တာဝန်ယူလာခဲ့သည့် ၇ လတာ ကာလ အတွင်း နိုင်ငံအတွက် အရေးကြီးသော လွတ်လပ်စွာ ရေးသားခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးတို့၏ ခေါင်းတိုင် ဖြစ်သော သတင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့ သကဲ့သို့ ဆက်လက်ပြီးလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မီဒီယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သည်။

ယခု ညီလာခံတွင် မီဒီယာ ဥပဒေများကို ပြန်လည် သုံးသပ်ခြင်း ၊ သတင်းထောက်များ၏ လုံခြုံရေး၊ လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာများ ရေရှည်တည်တံ့ရေး ၊ ကွန်မြူနတီ မီဒီယာများ၏ အသံများ ခိုင်မာအားကောင်းရေး ဆိုသည့် အကြောင်းအရာ ခေါင်းစဉ် များကို ဆွေးနွေးသွားကြရန် ရှိကြောင်း သိရသည်။

ထို့အတူ ညီလာခံတွင် UNESCO Myanmar မှ Ms.Min Jeong Kim ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဆွီဒင် သံရုံးမှ သံအမတ်ကြီး H.E.Mr.Staffan Herrstrom ၊ မြန်မာ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် မြန်မာ သတင်းပညာ သိပ္ပံ၏ အမှုဆောင် ဒါရိုက်တာ ဦးသီဟစော တို့က မိန့်ခွန်းများ ပြောကြားခဲ့သည်။

ပဉ္စမ အကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ ပထမနေ့တွင် မီဒီယာ ဥပဒေများ နှင့် ၎င်းတို့၏ လစ်ဟာနေသော နေရာများကို ပြန်လည် သုံးသပ်ခြင်း ၊ သတင်းသမားများ၏ လုံခြုံရေး နှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေသော ကျူးလွန်သူများ ၊ ကျား/မ ရေးရာ နှင့် မီဒီယာ ၊ လူမှု မီဒီယာ တို့အား ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်တွင် သတင်း အချက်အလက် ရရှိပိုင်ခွင့် ၊ လွတ်လပ်သော မီဒီယာများ ဆက်လက် ရှင်သန် နိုင်မှု ၊ လူမှု အသိုင်းအဝိုင်း မီဒီယာများ၏ အသံများကို အားပေး အားမြှောက်ပြုခြင်း တို့ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် မီဒီယာကွန်ဖရင့်ကို ” The Way forward ” ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်တွင် လည်းကောင်း ၊ ဒုတိယအကြိမ် မီဒီယာ ကွန်ဖရင့်ကို “ The Role of Media in Democratic Transitions: Success Challenges and the Way Forward” ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် လည်းကောင်း ၊ တတိယအကြိမ်မြောက် မီဒီယာ ကွန်ဖရင့်ကို “Moving Towards a Sustainable Media Environment” ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် လည်းကောင်း ၊ စတုတ္ထအကြိမ်မြောက် မီဒီယာ ကွန်ဖရင့်ကို “New Dynamics in Myanmar Media” ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ် တွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.