Social
စကာၤပူအထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်ရန်ဝင်ခွင့်ကတ်ရောင်း စင်္ကာပူလေကြောင်းလိုင်းတွင် ရောင်းမည်

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိမည်ဖြစ်ပြီး ယင်း ဗီဇာ ကင်းလွတ်ချိန် တွင် စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ် ကို စင်ကာပူနိုင်ငံ ချန်ဂီး လေဆိပ်ရှိ စင်ကာပူ လေကြောင်းလိုင်း (Silk Air) ကောင်တာ၌ ဝယ်ယူနိုင်မည် ဖြစ်ကာ ယင်း အဲလိုင်းရုံး ၌လည်း ဝယ်ယူနိုင်ရန် စီစဉ် ထားကြောင်း စင်ကာပူ အဲလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို Singapore Explorer Pass တွင် စင်ကာပူနိုင်ငံ၏ အထင်ကရ နေရာများ ဖြစ်သည့် ှSingapore Zoo (စကာၤပူတိရိစ္ဆာန်ဥယျာဉ်) Sentosa ၊ Gardens by the Bay နှင့် Singapore Flyer စသည့် နေရာများသို့ သွားရောက် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး တစ်ရက်စာ ဝင်ခွင့်ကတ်မှာ အမေရိကန် ဒေါ်လာ ၄၃ ဒေါ်လာဖြစ်၍ ယင်းကတ်မှာ အမျိုးအစားပေါင်း ၁၈ မျိုးအထိ အသုံးပြု နိုင်ကြောင်း သိရသည်။
စင်ကာပူ လူဝင်မှုကြီးကြပ်ရေး မှ မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်တစ်စောင်ကို (၂၄/၁၁/၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ (Xinhua)