Connect with us

Social

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ယနေ့စတင်၍ သွားလာနိုင်ပြီ

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည်ပ နိုင်ငံများသို့ သွားရောက်ကြသည့် ခရီးသွားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။

“ဗီဇာ ကင်းလွတ်သွားပြီ ဖြစ်တဲ့ အတွက် ခရီးသွား ကဏ္ဍကို ပိုပြီး ဖွံ့ဖြိုး တိုးတက်ဖို့အလားအလာ ကောင်းတာပေါ့။ အဲလို သွားတဲ့ နေရာမှာ ဗီဇာ မပါဘဲ သွားတာ ဖြစ်တဲ့ အတွက် လွယ်ကူ ချောမွေ့စွာနဲ့လည်ပတ်နိုင်တာပေါ့။ဟိုဘက် နိုင်ငံကနေ ကျွန်တော်တို့နိုင်ငံကို လာရောက် လည်ပတ်မယ် ဆိုရင်လည်း သူတို့သုံးစွဲတဲ့ ငွေကြေးတွေ အပေါ် မူတည်ပြီး ခရီးသွား လုပ်ငန်း ကဏ္ဍကို အထောက်အကူ ပြုတာပေါ့။နောက်တစ်ခုက သာယာ လှပတဲ့ မြန်မာနိုင်ငံရဲ ့အကြောင်းတွေကို မျက်မြင်ကိုယ်တွေ့ခံစား ထိတွေ့ရတာပေါ့။ဒါ ကျွန်တော်တို့နိုင်ငံ အနေနဲ့အကျိုး ခံစားရတာပေါ့။”ဟု ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆင်ဟွာသို့ပြောသည်။
ထို့အတူ မြန်မာနိုင်ငံမှ စင်ကာပူ နိုင်ငံသို့အလည်အပတ် သွားရောက်မည့် ခရီးသွား ဧည့်သည်များ ရှိသကဲ့သို့အလုပ်အကိုင် ရှာဖွေရေး နှင့် ပတ်သက်ပြီး သွားနိုင်သည့် အတွက် ယင်းတို့ကို သက်ဆိုင်ရာ ဌာန အသီးသီးမှ သေချာစွာ ထိန်းသိမ်း စိစစ်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း ၃၀ နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များအား စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ မြန်မာနိုင်ငံ သို့ယခုနှစ် ဇွန်လ အတွင်း လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း သဘောတူညီခဲ့ကြသည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် ၁၉၆၆ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ်သည် နှစ် ၅၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။
ယခု အခါတွင် မြန်မာနိုင်ငံသား ၂ သိန်းကျော်သည် စင်ကာပူနိုင်ငံ၌ နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.