Social
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လောင်းကစားမှု ၃၅၂ မှု အား သြဂုတ်လအတွင်း ဖမ်းဆီး ရရှိကြောင်း ထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၃ ခုတွင် လောင်းကစားမှု ၃၅၂ မှု ၊ တရားခံ ၇၄၀ ဦး နှင့် လောင်းကြေးငွေကျပ် ၅၀,၀၅၀,၅၅၀ အား သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
လောင်းကစားမှု ဖမ်းဆီးရမိမှု အရေအတွက်များ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အရေအတွက် အများဆုံး အဖြစ် ၁၅၉ မှု ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၄၇ မှု နှင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၅ မှု ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ လောင်းကစား အမျိုးအစားများတွင် တရားခံ အများဆုံး ဖမ်းဆီးရမိမှုမှာ ဖဲလောင်းကစားမှုတွင် တရားခံ ၃၃၆ ဦး ၊ နှစ်လုံးထီ လောင်းကစားမှုတွင် တရားခံ ၂၄၂ ဦး ဖြင့် အများဆုံး ဖြစ်နေကြောင်း သိရသည်။
ယခင် ဇူလိုင်လအတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုတွင် လောင်းကစား အမှုပေါင်း ၂၃၁ မှု ၊ တရားခံ ၅၄၄ ဦးနှင့် လောင်းကြေးငွေကျပ် ၂၃,၄၇၇,၈၅၅ အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။(Xinhua)