Connect with us

Social

မလေးရှား နိုင်ငံ၌ ဖမ်းဆီး ထိန်းသိမ်းခံရသည့် မြန်မာအလုပ်သမား ၂၂၉၄ ဦး အနက် တစ်လ အတွင်း ၈၀၀ ကျော် ဦးရေ အား ပြန်လည် ခေါ်ယူနိုင်

မလေးရှားနိုင်ငံမှ ဆဌမ အကြိမ် ပြန်လည် ခေါ်ယူခဲ့သည့် မြန်မာအလုပ်သမားများအား တွေ့ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

မလေးရှား နိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် ဖမ်းဆီး ထိန်းသိမ်းခံ ရသည့် မြန်မာနိုင်ငံသား ၂၂၉၄ ဦး အနက် သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၇ ရက် ဆဌမ အကြိမ် အထိ မြန်မာ အလုပ်သမား စုစုပေါင်း ၈၀၀ ကျော် ဦးရေ အား ပြန်လည် ခေါ်ယူပေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် ဖမ်းဆီး ထိန်းသိမ်းခံ ရသည့် မြန်မာနိုင်ငံသား များအနက် မြန်မာနိုင်ငံ သို့ပြန်ရန် လေယာဉ် စရိတ်မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ယူခဲ့ရာတွင် ပထမအကြိမ်တွင် ၁၃၈ ဦး ၊ ဒုတိယ အကြိမ်တွင် ၁၃၇ ဦး ၊ တတိယ အကြိမ် ၁၃၈ ဦး ၊ စတုတ္ထ အကြိမ် ၁၃၈ ဦး ၊ ပဉ္စမ အကြိမ် ၁၃၈ ဦး ၊ ဆဌမ အကြိမ် ၁၃၈ ဦး စုစုပေါင်း ၈၀၀ ကျော် ဦးရေအား ပြန်လည် ခေါ်ယူ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြန်လည် ရောက်ရှိလာသော အလုပ်သမားများ၏ လုပ်ငန်း အတွေ့အကြုံများအလိုက် သင့်တော် သည့် အလုပ်အကိုင် ရရှိရေး အတွက် လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.