Connect with us

Social

Miss Myanmar International 2016 ပြိုင်ပွဲတွင် အလှမယ် သရဖူအား အင်ကြင်းထူး ရရှိ

Miss Myanmar International 2016 ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အလှမယ်ဆုရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

Miss Myanmar International 2016 နောက်ဆုံး ဆန်ခါတင် အလှမယ် ရွေးချယ်ပွဲတွင် အလှမယ် သရဖူ Winner ဆုအား ခါးအမှတ် (၁၅) အင်ကြင်းထူး ၊ 1st Runner Up ဆုကို ခါးနံပါတ် (၁) တင်စန္ဒာမျိုး နှင့် 2nd Runner Up ဆုကို ခါးနံပါတ်(၄) နေကြာခင်ခင်တို့က ရရှိခဲ့ကြောင်း ပြိုင်ပွဲမှ သိရသည်။

ထိုအတူ အခြားTitle ဆုများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟုသုတနှင့်ပတ်သက်သော MissGreen ဆုကို ခါးနံပါတ် (၄) နေကြာခင်ခင် ၊ ပရိသတ်အကြိုက် အများဆုံး Voting ပေး၍ ရွေးချယ်ပေးသော Miss Popular ဆုကို သရဖူရရှိခဲ့သော အင်ကြင်းထူး နှင့်Talent Show ပြိုင်ပွဲတွင် အကောင်းဆုံး တင်ဆက် ပြသနိုင်သည့် Miss Talent ဆုကို ခါးနံပါတ် (၁၈) နိုးထက်ထက်နိုင် က ရရှိခဲ့ကြောင်း သိရသည်။

Miss Myanmar International 2016 ပြိုင်ပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

Miss Myanmar International 2016 ပြိုင်ပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ကဏ္ဍများတွင် မြန်မာ အမျိုးသမီးများမှ တစ်တပ်တစ်အား ပါဝင်လာခြင်းကို မြှင့်တင်ရန် နှင့် မြန်မာနိုင်ငံ အတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဈေးကွက် မြှင့်တင်ရေး အသင်း၏ ပဉ္စမအကြိမ်မြောက် Miss Myanmar International 2016 ပြိုင်ပွဲအား စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်မြို ့ရှိ Melia ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဉ္စမအကြိမ်မြောက် Miss Myanmar International 2016 ပြိုင်ပွဲတွင် အလှမယ် သရဖူ Winner သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် Miss International Beauty Pageant 2016 တွင် နိုင်ငံပေါင်း ၆၅ နိုင်ငံခန့်မှ အလှမယ်များနှင့် အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည့် အပြင် မြန်မာရိုးရာ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်း စဉ်လာများကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မြှင့်တင်ပေးမည့် အစီအစဉ်များတွင် ပါဝင် လှုပ်ရှားခွင့် ရမည် ဖြစ်ပြီး နိုင်ငံတကာ ခရီးသွား ပြပွဲများတွင် မြန်မာ ခရီးသွား လုပ်ငန်း အတွက် ပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.