Social
ရန်ကုန်မြို့တွင် အမှုှိက် တန်၂၄၀၀ ခန့် နေ့စဉ်စွန့်ပစ်လျက်ရှိ
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသည့် စွန့်ပစ် အမှိုက်များသည် တစ်ရက်လျှင် တန်ချိန်အားဖြင့် တန် ၂၄ဝဝ ခန့်ရှိကြောင်း စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၏ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။
အဆိုပါစွန့်ပစ်အမှိုက်များအား သယ်ယူစွန့် ပစ်ရာတွင် နေရာအခက်အခဲများရှိလာပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေသဖြင့် အမှိုက်များ ကို စနစ်တကျမီးရှို့ကာ အမှိုက်မှစွမ်းအင်ထုတ်သည့် နည်းပညာဖြင့် ပြည်သူများအားအကျိုးပြုနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါအမှိုက်မီးရှို့စက်အတွက် လိုအပ်သည့်အမှိုက်များကို မြို့နယ်များမှ စနစ်တကျ ရရှိစေရန်နှင့် အမှိုက်အစို၊ အမှိုက်အခြောက် ခွဲခြားရရှိမှသာ စွမ်းအင်ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှူး၏စီမံမှုဖြင့် ခရိုင်အလိုက် အမှိုက်ခွဲခြား စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲများဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၅ ရက် နံနက်ပိုင်းက ပြည်သူ များနှင့်တွေ့ဆုံကာ အမှိုက်အစို၊ အခြောက်ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)