Connect with us

Social

မြန်မာနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး ဆောင်ရွက်မှု လုပ်ငန်းများ တရုတ် အစိုးရမှ ကူညီ ပံ့ပိုး ပေးသွားမည်

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဌာနမှ သံမှူး မစ္စတာ ရှဲ့ကောရှန်းတို့ဇွန်လ ၁၈ ရက်တွင် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ် (ဓာတ်ပုံ-တရုတ်သံရုံး စီးပွားရေး ဌာန)

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ၏ အရေးပါသော အိမ်နီးချင်းနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင် ဖြစ်ပြီး တရုတ် အစိုးရမှ မြန်မာနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး ဆောင်ရွက်မှု လုပ်ငန်းများအား ကူညီ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဌာနမှ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ထုတ်နိုင်ရန် တက်ကြွစွာ ပူးပေါင်းပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လူ့စွမ်းအား ဖော်ထုတ် နိုင်ရန် သက်ဆိုင်ရာ မွမ်းမံ သင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ၊ မွမ်းမံ သင်တန်း တက်ရောက်ရမည့် လူဦးရေပမာဏကို မြန်မာနိုင်ငံ အတွက် ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ဌာနမှ သံမှူး မစ္စတာ ရှဲ့ကောရှန်း က တရုတ် အစိုးရ၏ ဖိတ်ခေါ်ချက်အရ “Ministerial Workshop on Mechanism of Renewable Energy Utilization & Development for Developing Countries” ဝန်ကြီး အဆင့် ဆွေးနွေးပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံမှ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းကို ဇွန်လ ၁၈ ရက်တွင် လေဆိပ်၌ လိုက်ပါပို့ဆောင်စဉ် ပြောကြားခဲ့သည်။

တရုတ်အစိုးရမှ မြန်မာနိုင်ငံနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများကို ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ၊ ထင်မြင် ယူဆချက်များအား ဝေမျှဖလှယ်ရန် ဆန္ဒရှိပြီး တရုတ်အစိုးရက မြန်မာနိုင်ငံနှင့် စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများကို အစဉ်တစိုက် ဂရုပြု ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာ အစိုးရ ဝန်ကြီးရုံးများက တရုတ်နိုင်ငံ အနေဖြင့် ယခုထက်ပို၍ မွမ်းမံ သင်တန်းများ ပို့ချ ပေးစေလိုပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အစိုးရ ဝန်ထမ်းများအား တရုတ်နိုင်ငံသို့ စေလွှတ်၍ တရုတ်စာ မွမ်းမံသင်တန်းများ တက်ရောက်စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နေပြည်တော်၌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အရာရှိများအတွက် တရုတ်စာ မွမ်းမံသင်တန်းများ စီစဉ်ပေးစေလိုကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်း တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ ကဏ္ဍ နယ်ပယ် အသီးသီးမှ အစိုးရ ဝန်ထမ်းဦးရေ ၇၀၆ ဦးကို တရုတ်နိုင်ငံသို့စေလွှတ်ပေးခဲ့ပြီး မွမ်းမံသင်တန်း အခွင့်အလမ်း အများဆုံး ရရှိခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် ဧပြီလ မှ ဇွန်လ အတွင်း ဌာန အသီးသီးမှ ဝန်ထမ်းပေါင်း ၂၄၆ ဦးကို ထပ်မံ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117