Connect with us

Social

သြင်္ကန် ကာလအတွင်း ပြေးဆွဲမည့် အဝေးပြေး ယာဉ်လိုင်းများ အနေဖြင့် “ခ” လုပ်ငန်း လိုင်စင်ဖြင့်သာ ပြေးဆွဲရမည်

ရန်ကုန်မြိုရှိ အဝေးပြေးယာဉ်လိုင်း လက်မှတ် အရောင်းဆိုင်များကို တွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

သြင်္ကန်ကာလအတွင်း ပြေးဆွဲမည့် အဝေး ပြေးယာဉ်လိုင်းများ အနေဖြင့် “ခ” လုပ်ငန်း လိုင်စင်ဖြင့်သာ ပြေးဆွဲရမည် ဖြစ်ပြီး တခြား သတ်မှတ် လုပ်ငန်းလိုင်စင် ကားများဖြင့် ပြေးဆွဲခြင်းအား ခွင့်မပြုကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြင်္ကန်ကာလ အတွင်း၌ ခရီးသွား ပြည်သူများပြားလာပြီး ယာဉ်အစီးရေ မလုံလောက်မှုများ ဖြစ်ပေါ်လာပါက ယာဉ်လိုင်းများမှ ရရှိထားသော ခရီးသည်ပို့ဆောင်ခွင့်လုပ်ငန်း လိုင်စင်ယာဉ်မှ အပ ပြင်ပမှ လိုင်စင်မဲ့ယာဉ် များအား ငှားရမ်း၍ ပြေးဆွဲပေးခြင်းမပြုရန် ယာဉ်လိုင်းများသို့ သတိပေး ပြောကြားထားကြောင်း သိရသည်။

ထို့ပြင် ဝပ်ရှော့၌ ရောက်ရှိနေသော ယာဉ်များ၊ စိတ်ချလုံခြုံမှု မရှိသော ယာဉ်များဖြင့် ပြေးဆွဲခြင်းများ မပြုလုပ်ကြရန် သတိပေး ပြောကြားထားကြောင်း၊ ယာဉ်လိုင်းများအနေဖြင့် သြင်္ကန်ကာလ အတွင်း ပြေးဆွဲမည့် ယာဉ်အစီးရေ၊ လမ်းကြောင်းနှင့် အချိန် စသည့် အချက်အလက်များကို မတ်လ ၂၄ ရက် နောက်ဆုံးထား၍ မ-ထ-သ (ဗဟို) သို့ပေးပို့ရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.