Connect with us

Social

အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်(BCC) မရရှိသေးသော်လည်း မြေပိုင်ရှင် များအနေဖြင့် အင်ဂျင်နီယာဌာနသို့ နေထိုင်ခွင့် လျှောက်ထားနိုင်

ရန်ကုန်မြို့ရှိ အိမ်ယာစီမံကိန်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊မတ်၂၀ရက်(ဆင်ဟွာ)

အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်(BCC) မရရှိသေးသော်လည်း အိမ်ငှားရန် အခက်အခဲရှိသည့် မြေပိုင်ရှင် များအနေဖြင့် အခက်အခဲများကို အင်ဂျင်နီယာဌာနသို့ လိပ်မူ၍ နေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေထိုင်ခွင့် လျှောက်ထားရာတွင် အဆောက်အအုံ ဆောက်လုပ်သည့် လိုင်စင်ကန်ထရိုက်တာ၏ တံဆိပ်တုံး၊ လက်မှတ်၊ မြေပိုင်ရှင်၏ လက်မှတ်နှင့်အတူ မူလငှားရမ်း နေထိုင်သော အိမ်ငှားစာချုပ် ပြည့်ခြင်းနှင့် ဝါဝင်ဝါထွက် ဖြစ်သောကြောင့် အိမ်ငှားရန် ခက်ခဲခြင်းစသည့် အခက်အခဲများကို တင်ပြ၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်(BCC) မရရှိသေးသည့် အဆောက်အအုံပေါ်၌ နေထိုင်ခွင့် လျှောက် ထားခြင်း မရှိဘဲ နေထိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက လိုင်စင်ကန်ထရိုက်တာအား တစ်ခန်းလျှင် ငွေကျပ် ၁၂ဝ,ဝဝဝ ဒဏ်ရိုက် သွားမည်ဖြစ်ကြောင်း သိရသည်။

(BCC) မကျသေးဘဲ နေထိုင်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေပုဒ်မ ၆၁(င) ပြဋ္ဌာန်း ချက်အရ စိစစ်အရေးယူ သွားမည်ဖြစ်သည်။ ထို့ပြင်(BCC) လက်မှတ် မရရှိသေးသည့် ကိုယ်ပိုင်အဆောက်အအုံ ကန်ထရိုက် တိုက်များကို မတ် ၃၁ ရက်မတိုင်မီ (BCC) လျှောက်ထားနိုင်ပြီး မီးသတ်၊ ရေသန့်၊ အခွန် စသည့် သက်ဆိုင်ရာ ဌာန ထောက်ခံချက်များ ပြည့်စုံပါက နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းမြဝတီသတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.