Connect with us

Social

ကြက်ခြေနီ အသင်းတွင် ပရဟိတ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အမှတ်တံဆိပ် အားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Red Cross Facebook)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အနေဖြင့် နိုင်ငံတစ်ဝန်း၌ ကယ်ဆယ်ရေးနှင့် ပရဟိတ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ပြည်တွင်းမှ စိတ်ပါဝင်စားသော ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား တရားဝင် ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်း ထုတ်ပြန်သည်။

ထိုကဲ့သို့ လူထု အကျိုးပြု လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် တခြား အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အရ ဗဟိုကော်မတီ တွင်လည်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရမည် ဖြစ်ကြောင်းသိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ကြက်ခြေနီ အသင်း ဥပဒေအရ ဗဟို ကော်မတီ၌ အရပ်ဘက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၁ဝ ဦးခန့်အထိ ပါဝင်လာနိုင်ကြောင်းနှင့် ယခုအခါ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါ ဝင်စားပြီး အဆိုပြု ထားသော အရပ်ဘက် အဖွဲ့အစည်း ၂၄ ခုခန့် ရှိကြောင်း သိရသည်။

ယင်းအတွက် အရပ်ဘက် အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များ နှင့်လည်း ပူးပေါင်းကာ ကြက်ခြေနီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် စီစဉ်ထားပြီး အဆိုပါ ပူးပေါင်း ဆောင်ရွက်မည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် အမှန်တကယ် အချိန်ပေး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၌ အသင်းဝင် ဦးရေ သိန်းနှင့်ချီ ရှိကြောင်း သိရသည်။ (Xinhua)