Connect with us

Social

အမျိုးသားသတင်းဆုပေးပွဲတွင် ဆု၅ဆုချီးမြှင့်ခဲ့

အမျိုးသားသတင်းဆုပေးပွဲအပြီး အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၆ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက်ကျင်းပသည့် အမျိုးသားသတင်းဆုပေးပွဲတွင် သတင်းသူရဲကောင်းဆု၊ သတင်းဆောင်းပါးဆု၊ သတင်းကာတွန်းဆု၊ သတင်းဓာတ်ပုံဆု၊ သတင်းရုပ်သံဆု ဟူ၍ ဆု ၅ ဆု ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ဥက္ကဋ္ဌ ဦးသီဟစောက “ကျွန်တော်တို့ပုံမှန်ဆို ဆု ၆ ဆုပေးပါတယ်။ အခုဒီနှစ်မှာ တော့ Hard News ဆု ကို မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီဆုကိုချီးမြှင့်ဖို့အတွက် ဆိုရင် မိမိသတင်း၊ ဒါမှ မဟုတ် ကိုယ်ကြိုက်တဲ့သတင်းကို အဆိုတင်သွင်းဖို့လိုပါတယ်။ အဲ့ဒါတွေကိုစုဆောင်းပြီး ကျွန်တော်တို့အကဲဖြတ်ကော်မတီကနေ စိစစ်ရွေးချယ်ပြီးဆုချီးမြှင့်တာဖြစ်ပါတယ်’’ ဟုပြောသည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} အမျိုးသား သတင်းဆုပေးပွဲတွင် ဆုရရှိသူများအားတွေ့ရစဉ် (ဆင်ဟွာ)

သတင်းသူရဲကောင်းဆုကိုတော့ ၂၀၁၅ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး သတင်းသူရဲကောင်းဆုအတွက် အဆိုတင်သွင်းစရာမလိုကြောင်း ဦးသီဟစောကဆိုသည်။

သတင်းသူရဲကောင်းဆုကို ဒေါ်အေးအေးဝင်း (AP သတင်းဌာန) (အငြိမ်းစား) မှ ရရှိခဲ့သည်။ သတင်းသူရဲကောင်းဆုအားရွေးချယ်ရာတွင် သတင်းတစ်ပုဒ်အား နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့သူ၊ စွန့်စားခဲ့သူ အားရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အေးအေးဝင်းသည် AP သတင်းဌာန တွင် ၂၆ နှစ် ကြာလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

သတင်းဆောင်းပါးဆုကို ကိုစစ်ထက်အောင် မှ ကုမုဒြာဂျာနယ် အတွဲ၅၊ အမှတ်၂၀ တွင်ပါရှိသည့် “စကားလုံးများပွင့်အန်ခဲ့တဲ့ သက်မဲ့အရေးတော်ပုံတပ်သား” သတင်းဆောင်းပါးဖြင့် ဆုရရှိခဲ့သည်။ ၎င်းသတင်းဆောင်းပါးသည် ၁၉၈၈ အရေးတော်ပုံ ကာလမှ စာကူးစက်တစ်လုံးအကြောင်းအား သတင်းဆောင်းပါးအနေဖြင့် ရေးသားထားခြင်းဖြစ်သည်။

သတင်းဓာတ်ပုံဆုအား ကိုရဲအောင်သူ (AFP) မှ ရရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အနီး ရေလွှမ်းနေသော ကျော်ရဲရွာတွင် ကလေးတစ်ဦးသည် ရေသန့်ဗူးများအား အသက်ကယ်ဝတ်စုံသဖွယ် အသုံးပြုကာ ရေထဲသွားလာနေသည်ကို ရိုက်ကူးထားသည့် ပုံဖြစ်သည်။ ယင်းပုံကို Messenger နှင့် Myanmar Times တို့တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး၊ အွန်လိုင်းမီဒီယာအနေဖြင့် The Telegraph , Radio Free Asia (Myanmar) တို့တွင် ဖော်ပြခဲ့သည်။

အကောင်းဆုံးသတင်းကာတွန်းဆုအား ကာတွန်းအဂ္ဂမှ ရရှိခဲ့သည်။ ၎င်းကာတွန်းအား အကဲဖြတ်အဖွဲ့မှ ယနေ့လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ထိရောက်သည့် ကာတွန်းတစ်ခုအဖြစ် မှတ်ချက်ပြုခဲ့ပြီး ဆုရရှိခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံးရုပ်သံ/သတင်းဆု အား mntv မှ ရရှိခဲ့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာတွင် အခက်အခဲကြုံတွေ့ရသည့် သတင်းအားရုပ်သံရိုက်ကူးခဲ့ခြင်းဖြစ်သည်။

၎င်းဆုပေးပွဲအား ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ယနေ့ ည၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း သတင်းဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.