Connect with us

Social

ပြည်ပ နိုင်ငံများသို့အလုပ်သမားများ တရားဝင် စေလွှတ်မှု ဇွန်လအတွင်း ၁၄၀၀၀ ကျော်ရှိ

သီလဝါ စက်မှုဇုန်ရှိ စက်ရုံ အလုပ်သမားများအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများသို့အလုပ်သမားများအား တရားဝင် စေလွှတ်လျှက်ရှိရာ ယခုနှစ် ဇွန်လ အတွင်း ပြည်ပ ၇ နိုင်ငံသို့ ဦးရေ ၁၄,၈၃၄ ဦး တရားဝင် စေလွှတ်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံ အလိုက် ပြည်ပ အလုပ်အကိုင် အလုပ်ရရှိမှု အခြေအနေမှာ မလေးရှားနိုင်ငံသို့၂၇၃၁ ဦး ၊ စကာၤပူ နိုင်ငံသို့ ၁၁၄ ဦး ၊ ကိုရီးယား နိုင်ငံသို့၇၂၅ ဦး ၊ ထိုင်းနိုင်ငံသို့၁၁,၀၅၀ ဦး ၊ ဂျပန် နိုင်ငံသို့၁၈၂ ဦး ၊ ယူအေအီး သို့၁၅ ဦး နှင့် ကာတာ နိုင်ငံသို့၁၇ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာ အလုပ်သမားများ သက်ဆိုင်ရာ နိုင်ငံ၏ အလုပ်သမား ဥပဒေများ နှင့် အညီ ခံစားခွင့် ရရှိရေး နှင့် ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် ကိုရီးယား သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။(Xinhua)