Connect with us

Sport

ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲအား နိုင်ဝင်ဘာလတွင် ရန်ကုန်မြို့၌ကျင်းပမည်

ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ နှင့် ပတ်သက်၍ ဆွေးနွေးစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၂၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ Grand Mercure Hotel တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စနူကာပြိုင်ပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစည်းအဝေးခန်းမ၌ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ နိုဝင်ဘာလတွင် ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုပွဲ နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှုများ၊ ပြိုင်ပွဲကြော်ငြာ Billboards များ စိုက်ထူခွင့်ရရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်ရေးတို့အတွက် တင်ပြခဲ့ကြရာ ဝန်ကြီးများက ပြန်လည်၍ ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.