Connect with us

Sport

မြန်မာတိုက်ကွမ်ဒိုအဖွဲ့ နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် ဇန်နဝါရီလအတွင်း စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မည်

သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” တိုင်းရင်းသား ချစ်ကြည်ရေး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်မည့် ဗီယက်နမ်ဆီးဂိမ်းနှင့် နိုင်ငံတကာ တိုက်ကွမ်ဒို ပြိုင်ပွဲတို့အတွက် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ အနေဖြင့် ဇန်နဝါရီလအတွင်း စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရက်အတိအကျမသိရသေးကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ နည်းပြချုပ် ဦးကျော်သန်းဦးကဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ အဖွဲ့ချုပ်ကို အားကစား ဝန်ကြီးဌာနက ကျွန်တော်တို့ ကို အဆင်သင့်လုပ်ခိုင်းထားတော့ စီမံချက်တွေကို ဝန်ကြီးဌာနကို ပို့ထားပြီးပါပြီ။ အားကစားသမားတွေကိုလည်း အသင့်ဖြစ်အောင်အကြောင်းကြားထားပြီးပါပြီ။ ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်တာပါ။ ပဏာမ လက်ရွေးစင်ကစားသမား ၂၀ လောက်လေ့ကျင့် သွားမှာပါ’’ ဟု ၎င်းကဆိုသည်။

အဆိုပါစခန်းသွင်းလေ့ကျင့်မှုကို နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ COVID-19 စည်းမျဉ်းနှင့်အညီ စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကြောင်းဆိုသည်။“ဆီးဂိမ်းအတွက်ရော၊ နိုင်ငံတကာပွဲစဉ်တွေအတွက်ရော ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်မှုတွေဆောင်ရွက်သွားမှာပါ။ မြန်မာ့တိုက်ကွမ်ဒိုကစားသမားတွေ အနေနဲ့ဆုတွေ လည်း ရခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ ၃ ပွဲလောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။” ဟု ဦးကျော်သန်းဦးကဆက်ပြောသည်။(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို ၂၀၂၁ခုနှစ်နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.