Connect with us

Sport

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် အာရှ အဆင့် ဘောလုံးအားကစားသုံးပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားနေကြစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် အာရှ အဆင့်၊ အာဆီယံ အဆင့်ပြိုင်ပွဲများအနက် ဘောလုံးအားကစားပွဲ သုံးပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ပြီး ၊ မြန်မာနိုင်ငံ အနေဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နိုင်ငံတကာဘောလုံး ပြိုင်ပွဲများမှာ အာရှယူ-၂၃ ခြေစစ်ပွဲ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှယူ-၁၆ ခြေစစ်ပွဲတို့ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာရှယူ-၂၃ ခြေစစ်ပွဲကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပမည်ဖြစ်ရာ မြန်မာ အသင်း ပါဝင်သော အုပ်စု (F)တွင် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့ပါဝင်သည်။ ယင်းခြေစစ်ပွဲကို အုပ်စု ၁ဝ စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံး ၁ဝ သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာရ ငါးသင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အာဆီယံယူ- ၁၈ပြိုင်ပွဲသည် ၂ဝဝ၃ ခုနှစ် နောက်ပိုင်း တစ် ကျော့ပြန် ပြန်လည်ကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ ၂ဝ၁၇ အာဆီယံယူ-၁၈ ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု(က)တွင် ထိုင်း၊ တီမော၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့ ပါဝင်နေသည်။ မြန်မာ အသင်းသည် ပထမအကြိမ် ကျင်းပခဲ့သည့် ၂ဝဝ၃ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူ နိုင်ခဲ့သည်။

၂ဝ၁၈ အာရှ ယူ-၁၆ ခြေစစ်ပွဲကို စက်တင်ဘာ ၂ဝ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သော်လည်း လက်ရှိ အချိန်ထိ ကွင်းရွေး ချယ်ရခြင်း မရှိသေးပေ။ ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင် တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ် ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.