Connect with us

Sport

မြန်မာယူ-၁၉ အမျိုးသမီးဘောလုံးအသင်း စင်္ကာပူယူ-၁၉ အမျိုးသမီးဘောလုံးအသင်းကို ဂိုးပြတ်အနိုင်ရ

အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 2019 AFC U-19 Women’s Championship Qualification အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာလက်ရွေးစင် အမျိုးသမီးယူ-၁၉ ဘောလုံးအသင်းသည် ဘောလုံးခြေစမ်းပွဲတွင် စင်္ကာပူလက်ရွေးစင် အမျိုးသမီးယူ-၁၉ ဘောလုံးအသင်းကို ၇-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။

ယင်းခြေစမ်းပွဲကို ယနေ့နံနက် ၈း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးယူ-၁၉ အသင်း အတွက် ဂိုးများကို ပွဲချိန် ၇ မိနစ်တွင် မိုးမိုးသန်း၊ ပွဲချိန် ၁၆ မိနစ်တွင် နွယ်နီဝင်း၊ ပွဲချိန် ၆၈ မိနစ်တွင် သဇင်အောင်၊ ပွဲချိန် ၇၉၊ ၈၂ မိနစ်တွင် လှိုင်လှိုင်မြင့်နှင့် ပွဲချိန် ၈၆၊ ၈၇ မိနစ်တွင် စန်းသော်သော်တို့က သွင်းယူခဲ့သည်။

စင်္ကာပူလက်ရွေးစင် အမျိုးသမီးယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့သည် ခြေစမ်းပွဲကစားရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့က ခြေစမ်းပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီးယူ-၁၆ အသင်းက စင်္ကာပူလက်ရွေးစင် အမျိုးသမီးယူ-၁၆ အသင်းကို ၉-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာလက်ရွေးစင် အမျိုးသမီးယူ-၁၆ အသင်းနှင့် စင်္ကာပူလက်ရွေးစင် အမျိုးသမီးယူ-၁၆ အသင်းတို့သည် စက်တင်ဘာ ၆ ရက် (ယနေ့) ညနေ ၃း၃၀ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းသည် စက်တင်ဘာလအတွင်းကျင်းပမည့် AFC U16 Women’s Championship Qualification Round 1 အာရှခြေစစ်ပွဲ ပထမအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် အသင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.