Connect with us

Sport

မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင် ကစားနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။

ဦးကိုကိုသိန်းက “ဒီပွဲစဉ်တွေက COVID-19 ကြောင့် ခဏရပ်နားထားတဲ့ပွဲစဉ်တွေပါ။ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ကတော့ အမြန်ဆုံး စခန်းသွင်းပြီးလေ့ကျင့်ချင်တဲ့ အနေအထားမှာ ရှိပါတယ်။ လက်ရှိပြိုင်ပွဲတွေ နဲ့ ပတ်သက်ပြီးတော့ COVID-19 ရဲ့ အနေအထားရယ်ပေါ်မူတည်ပြီး ဘယ်အချိန်မှာ စခန်းသွင်းလေ့ကျင့်မယ် ဆိုတာ ကတော့ ပြောလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကို တင်ပြသွားဖို့ရှိပါတယ်’’ ဟုပြောသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန် အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက် တွင်လည်းကောင်း၊ အဆိုပါပွဲစဉ်အပြီး  ၅ ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကာဂျစ္စတန် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်အဖြစ် မန္တလေးမြို့ တွင်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊အုပ်စု နောက်ဆုံး ပွဲစဉ်ဖြစ်သည့် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်းပွဲစဉ်ကိုမူ နိုဝင်ဘာလ ၁၇ ရက်တွင် သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.