Connect with us

Sport

မြန်မာ အသင်း ၊ ဗီယက်နမ် အသင်းအား အနိုင်ကစားကာ အကြို ဗိုလ်လုပွဲ အဆင့်သို့တက်ရောက်


ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ ယူ ၁၈ အသင်း နှင့် ဗီယက်နမ် ယူ-၁၈ အသင်းတို့ယနေ့စက်တင်ဘာ ၁၃ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာ အသင်းမှ ဗီယက်နမ် အသင်းအား ၂ ဂိုး-၁ ဂိုး ဖြင့် အနိုင်ရရှိကာ အကြို ဗိုလ်လုပွဲ သို့ တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် အဖွင့်ဂိုးအား ဗီယက်နမ်အသင်းက ပွဲချိန် တစ်မိနစ်တွင် ငုယင်ဟောင်ဆန် က သွင်းခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်တွင် မြန်မာ အသင်းမှ ချေပဂိုးရခဲ့ပြီး မြတ်ကောင်းခန့်က ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက် ဂိုးသွင်း ယူပေးခဲ့သည်။ မြန်မာအသင်း အတွက် ဒုတိယဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် လွင်မိုးအောင်က ထပ်မံသွင်းယူပေးခဲ့သည်။အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (ခ) တွင် မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်း နှင့် ဘရူနိုင်း အသင်းတို့အား ၇ ဂိုး-ဂိုးမရှိ စီဖြင့် အနိုင် ရရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းအား ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာကစားသမားများ ဗီယက်နမ်အသင်းဘက်သို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မြန်မာကစားသမားများ ဗီယက်နမ်အသင်းဘက်သို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မြန်မာကစားသမားများ ဗီယက်နမ်အသင်းဘက်သို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မြန်မာကစားသမားများ ဗီယက်နမ်အသင်းဘက်သို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ယခုပွဲတွင် မြန်မာ အသင်းသည် ဗီယက်နမ် အသင်းအား အနိုင်ရရှိ၍ အုပ်စု ဒုတိယ ဖြင့် အကြို ဗိုလ်လုပွဲ အဆင့်သို တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု(က)တွင် မလေးရှား အသင်း နှင့် ထိုင်း အသင်းတို့က အုပ်စု ပထမ နှင့် ဒုတိယ နေရာများ ရရှိခဲ့ကာ အကြို ဗိုလ်လုပွဲများ အဖြစ် စက်တင်ဘာ ၁၅ ရက်တွင် မလေးရှား အသင်း နှင့် မြန်မာ အသင်း ၊ အင်ဒိုနီးရှား အသင်း နှင့် ထိုင်းအသင်းတို့အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။မြန်မာ ယူ-၁၈ အသင်းသည် နိုဝင်ဘာလ ၄ ရက်တွင်လည်း အာရှ ယူ-၁၉ ဖလားပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု G အတွက် တရုတ်ကမ္ဘောဒီးယား၊ဖိလစ်ပိုင် တို့နှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.