Connect with us

Sport

ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသော မြန်မာ့ဘောလုံးလက်ရွေးစင် ယူ-၁၆ အမျိုးသားအသင်းသည် ခြေစမ်းပွဲ သုံးပွဲကို ထပ်မံ ယှဉ်ပြိုင်ကစားမည်

မြန်မာ့ဘောလုံးလက်ရွေးစင် ယူ-၁၆အသင်းအားတွေရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသော မြန်မာ့ဘောလုံးလက်ရွေးစင် ယူ-၁၆ အမျိုးသားအသင်းသည် ခြေစမ်းပွဲ သုံးပွဲကို ထပ်မံ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသား အသင်းသည် ပထမဆုံး ခြေစမ်းပွဲ အဖြစ် ချောင်ဘူရီ လူငယ် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ဘန်ကောက်ယူနိုက်တက် လူငယ် အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထိုင်းလက်ရွေးစင်

ယူ-၁၆ အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် Bangkok Christain College လူငယ်အသင်းနှင့်လည်းကောင်းထပ်မံယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.