Connect with us

Sport

အိုလံပစ်နေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ နှင့် အားကစားပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-အား/ကာ ရန်ကုန်)

ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အိုလံပစ်နေ့အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈-ခုနှစ် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်း ဂိတ်အမှတ်(၉)ရှေ့တွင် ဇွန်လ(၁၇)ရက် ၊ နံနက်(၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ ရန်ကုန်မြို့၌ လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

ထိုအားကစား ပြိုင်ပွဲများကို မိုးပြာရောင်နောက်ခံတွင် အဖြူရောင်စာလုံးဖြင့် Olympic Day-2018 စာတမ်းပါ ဆိုင်းဘုတ်များ ချိတ်ဆွဲကာ ပြိုင်ပွဲများ ကျင်းပ ရမည် ဖြစ်ကြောင်း ၊ ရန်ကုန်မြို့၌ လမ်းလျှောက်ပွဲ ကို ဇွန် ၁၇ ရက် ၊ နံနက်(၆)နာရီ တွင် ကျိုက္ကဆံအားကစားကွင်း ဂိတ်အမှတ်(၉)မှ စတင်တာလွှက်ပြီး အမှတ်(၆) ဂိတ်မှ ပြန်လည် ပန်းဝင်မည် ဖြစ်ကြောင်း ၊ ပြည်သူများပါ ပါဝင်ပူးပေါင်းကာ စည်စည်ကားကား ပါဝင်လှုပ်ရှား လာစေရေး တို့အတွက် တိုက်တွန်းနှိုးဆော်ရေး စီစဉ်ဆောင်ရွက်ရန် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားခဲ့သည်။(Xinhua)