Connect with us

Sport

အာရှ အားကစားပွဲအကြို လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲသြဂုတ်လ တွင် ကျင်းပမည်

အာရှ အားကစားပွဲအကြို လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

အာရှ အားကစားပွဲအကြို လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လာမည့် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဘာရိန်း ယူ၂၃ အသင်း၊ ထိုင်း ယူ၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ၁၉ အသင်းတို့သည် မြန်မာ့လက်ရွေးစင် ယူ၂၃အသင်းနှင့်အတူ လေးပွင့်ဆိုင် ပွဲစဉ်များ လာရောက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

လေးပွင့်ဆိုင် ပွဲစဉ်များ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် မှုများဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ကဏ္ဍအသီးသီး ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်လက်သတင်း ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117