Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်း စင်ကာပူ ယူ-၂၃ အသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်

မြန်မာအသင်းလေ့ကျင့်နေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းသည် စင်ကာပူနိုင်ငံသို့ သွားရောက်၍ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ကာ စင်ကာပူ ယူ-၂၃ ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာယူ-၁၉ အသင်းသည် ဇွန်လ ၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကိုဇွန်လ ၂၀ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

စင်ကာပူ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ဖိတ်ခေါ်ခဲ့သော်လည်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၁၉ အသင်းအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်၍မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာယူ-၂၃ (ခ)အသင်းအဖြစ် သွားရောက် ခြေစမ်းစေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.