Sport
မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်း ၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် အင်ဒိုနီးရှားသို့ထွက်ခွာ

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းသည် ယနေ့ ဇွန်လ ၂၉ ရက် တွင် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
မြန်မာအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၈ ဦးနှင့် ကစားသမား ၂၃ ဦး၊ စုစုပေါင်း ၃၁ ဦးပါဝင်ကြောင်း သိရသည်။
အာဆီယံယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ မြန်မာအသင်းအနေဖြင့် မလေးရှား၊တီမော၊ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်းအသင်းတို့ ပါဝင်သည့် အုပ်စု(ခ)တွင် ပါဝင်ယှဉ်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)