ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ သည် ပြိုင်ဘက် ဖြစ်သူ ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက် နှင့်...
ဗီယင်ကျန်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှတွင် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TAC) အား ချီလီ၊ အီဂျစ်နှင့် မော်ရိုကို စသည့် နိုင်ငံများက စက်တင်ဘာလ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး TAC အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံ ရှိလာပြီ...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဆူပူလှုပ်ရှားမှုများရှိနေသည့် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်း ရှိ စာသင်ကျောင်းတစ်ကျောင်း၏ အပြင်ဘက် တွင် စက်တင်ဘာ ၆ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ သားအဖနှစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယနေ့တွင် မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
လန်ဒန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် ၂၀၁၁ခုနှစ်မှ လက်ရှိ ၂၀၁၆ခုနှစ် အတွင်း ပထမဆုံးအဖြစ် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ခန့်အပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပျော့ပျောင်းလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၃ ခုတွင် လောင်းကစားမှု ၃၅၂ မှု ၊ တရားခံ ၇၄၀ ဦး နှင့် လောင်းကြေးငွေကျပ် ၅၀,၀၅၀,၅၅၀ အား သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ...
ဝဲလင်တန်၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့ကားကို ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပို့ဆောင်ရေးဝန်ကြီး Simon Bridges က စက်တင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) လှံတံပစ်မယ် ရှာလင်း ကိုးလ်ဟို (Shirlene Coelho) အား ရီယို မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားအတွက် ဘရာဇီးနိုင်ငံ အလံ သယ်ဆောင်သူအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဘန်ကောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ကိုယ်ဝန်ဆောင်နှစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး မြောက်ပိုင်းပြည်နယ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၁၁ဦးရှိလာပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ၅ ရက်က ဖော်ပြခဲ့သည်။