Connect with us

Politics & Security

အာဆီယံ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ချီလီ၊ အီဂျစ်၊ မော်ရိုကို လက်မှတ်ရေးထိုး

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ပြုလုပ်ခဲ့သည့် ၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအား တွေ့စဉ် (ဓာတ်ပုံ- အင်တာနက်)

ဗီယင်ကျန်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှတွင် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TAC) အား ချီလီ၊ အီဂျစ်နှင့် မော်ရိုကို စသည့် နိုင်ငံများက စက်တင်ဘာလ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး TAC အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံ ရှိလာပြီ ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် ၁၉၇၆ ခုနှစ်က အသက်ဝင်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံများ အကြား အပြုအမူဆိုင်ရာ သတ်မှတ်ချက်အတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယင်း သဘောတူညီချက်သို့ သုံးနိုင်ငံ ဝင်ရောက်လာခြင်းအတွက် ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ၄၉ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး၌ သဘောတူခဲ့ကြောင်း သိရသည်။
ယခုလို သဘောတူညီချက်၏ အဖွဲ့ဝင်သစ် တိုးချဲ့ခြင်းအား စက်တင်ဘာလ ၆ ရက်က ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.