Connect with us

Australia / Oceania

နယူးဇီလန်နိုင်ငံသည် ၂ဝ၁၆ နှစ်အတွင်း မောင်းသူမဲ့ကားထုတ်လုပ်မည်

Volvo ကုမ္ပဏီမှ ထုတ်လုပ်ထားသော မောင်းသူမဲ့ကား တစ်စင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝဲလင်တန်၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့ကားကို ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပို့ဆောင်ရေးဝန်ကြီး Simon Bridges က စက်တင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဆွီဒင်နိုင်ငံအခြေစိုက် Volvo ကားကုမ္ပဏီ နှင့် နယူးဇီလန်မော်တော်ယာဉ်သိပ္ပံ(Trafinz) တို့ပူးပေါင်းပြီး မောင်းသူမဲ့ကားကို နယူးဇီလန်နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Tauranga မြို့၌ နိုဝင်ဘာလတွင် ထုတ်ဖော်ပြသသွားမည်ဟု Bridges ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ ဒါဟာ နယူးဇီလန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ကားဖြစ်လာမှာပါ။ လူသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် နည်းပညာသစ် တီထွင်ထုတ်လုပ်ဖို့တွန်းအားပေးရာရောက်သလို မောင်းသူမဲ့ကားထုတ်လုပ်မှုနည်းပညာပိုင်းမှာ နယူးဇီလန်နိုင်ငံဟာ ထိပ်တန်းမှာပါဝင်နေတာကို ထင်ဟပ်စေမှာဖြစ်ပါတယ်” ဟု Bridges ကဆိုသည်။
“ မောင်းသူမဲ့ကားတွေဟာ အနာဂတ်ပို့ဆောင်ရေး ၊ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သလို သဘာဝပတ်ဝန်းကျင်အတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံတာကို မြင်တွေ့ခွင့်ရဖို့စိတ်လှုပ်ရှားနေပါတယ်။ နယူးဇီလန်နိုင်ငံဟာ နည်းပညာနယ်ပယ်မှာ ရှေ့တန်းရောက်နေပါပြီ ” ဟု ၎င်းက ဆက်ပြောသည်။
နယူးဇီလန်နိုင်ငံ ပို့ဆောင်ရေးအေဂျင်စီ နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့သည် Volvo နှင့် Trafinz တို့နှင့် လက်တွဲလုပ်ကိုင်ပြီး အဆိုပါ မောင်းသူမဲ့ကားကို မည်သည့်ဘေးအန္တရာယ်အခြေအနေမျိုးတွင်မဆို လျော်ကန်သောစီမံခန့်ခွဲမှု အပါအဝင် ဥပဒေကြောင်းအရ ခိုင်မာစွာ မောင်းနှင်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.