Connect with us

Culture

ဆောင်းဦးလလယ် လမုန့်ပွဲတော် အွန်လိုင်းကဏ္ဍတွဲအစီအစဉ်အား ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာက တင်ဆက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာ လမုန့်ပွဲတော်အထိမ်းအမှတ်အစီအစဉ်အဖြစ် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား – ဆောင်းဦးလယ်လမုန့်ပွဲတော်” အွန်လိုင်းကဏ္ဍတွဲအစီအစဉ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official Account ၊ Facebook စာမျက်နှာနှင့် Official Website တို့တွင် တစ်ပြိုင်တည်း တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းဦးလလယ် လမုန့်ပွဲတော်သည် တရုတ်လူမျိုးတို့၏ အရေးပါသော ရိုးရာပွဲတော်ဖြစ်ရာ ရှေးဟောင်းဒဏ္ဍာရီနှင့် ရင်ကို ထိမိခံစားစေသော ပုံပြင်များရှိပြီး လူသားတို့၏ ချစ်ခင်သင့်မြတ် ပေါင်းစည်းခြင်း၊ လူနေမှုဘဝ သာယာလှပခြင်း မျှော်လင့်ချက် ပုံရိပ်များကို ဖော်ဆောင်ခြင်းကြောင့် အွန်လိုင်းတင်ဆက်မှုအစီအစဉ်ကို “ဂန္ထဝင်စကားစု ဆောင်းဦးလယ်”၊ “မြည်းစမ်းစားဖွယ် ဆောင်းဦးလယ်”၊ “တေးသီကျူးမယ် ဆောင်းဦးလယ်” နှင့် “ကဗျာပန်းချီစပ်ခြယ် ဆောင်းဦးလယ်” စသည့် အကြောင်းကဏ္ဍ (၄) ခု ခွဲထားကြောင်း သိရသည်။

တင်ဆက်မှုသဏ္ဌာန်များတွင် ခေါင်းစဉ်ပြပွဲ၊ ရိုးရာတေးဂီတ သံပြိုင်ဖျော်ဖြေပွဲ၊ စားဖွယ်ရာ စားဖိုဆောင်၊ တေးကဗျာ အပြန်အလှန် ဖလှယ်မှုနှင့် ကဏ္ဍတွဲဗီဒီယိုအတိုများ စသဖြင့် သဏ္ဌာန်အမျိုးမျိုး စုံလင်စွာ ပါဝင်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာနှင့်ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာက တာဝန်ယူကျင်းပခြင်းဖြစ်သည်။ (Xinhua)