Connect with us

Sino-Myanmar

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)က ရန်ကုန်မြို့သစ်ရှိ အခက်အခဲရှိသူများအား စားသုံးကုန်ပစ္စည်းများ လှူဒါန်းကူညီ

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့သစ်၌ အခက်အခဲရှိသူများအား စားသုံးကုန်ပစ္စည်း လှူဒါန်းကူညီပေးနေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓါတ်ပုံ-CFPD)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)သည် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့သစ် ကြည့်မြင်တိုင်မြို့နယ် ကျေးရွာတစ်ရွာတွင် အခက်အခဲရှိသည့် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ကို စက်တင်ဘာ ၂၈ ရက်က ဆန်တန်ချိန် (၄)တန်စသည့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့သစ်၌ အခက်အခဲရှိသူများအား စားသုံးကုန်ပစ္စည်း လှူဒါန်းကူညီပေးနေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓါတ်ပုံ-CFPD)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့သစ်၌ အခက်အခဲရှိသူများအား စားသုံးကုန်ပစ္စည်း လှူဒါန်းကူညီပေးနေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓါတ်ပုံ-CFPD)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့် မြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့သစ်၌ အခက်အခဲရှိသူများအား လှူဒါန်းသည့် စားသုံးကုန်ပစ္စည်းကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- CFPD)

ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)၏ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း အထည်ချုပ်လုပ်ငန်းဆိုင်ရာအသင်းခွဲနှင့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းကလည်း တစ်နေ့တည်းမှာပင် ယင်းဒေသသို့ ဆန်နှင့် ပါးစပ်နှာခေါင်းစည်း ၅ သောင်း ထပ်မံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ရှိ ကပ်ရောဂါအခြေအနေ နှင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရချိန်တွင် တရုတ်နိုင်ငံအရပ်ဖက်အဖွဲ့အစည်းများ၏ လာရောက်ကူညီမှုကို အထူးကျေးဇူးတင်ရှိကြောင်း၊ ထိုသို့ လှူဒါန်းခြင်းကြောင့် လက်ရှိ စားဝတ်နေရေးအရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးသလို ကပ်ရောဂါတိုက်ဖျက်ရေးအတွက်လည်း အထောက်အပံ့ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၀ နှစ်ကြာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆေးဝါးကုသရေး၊ ပညာရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍများတွင် ကုသိုလ်ဖြစ်ပရဟိတစီမံကိန်းများ လုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံချစ်ကြည်ရေးတစ်ဆင့်တိုးစေရန် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
中国和平发展基金会向缅甸仰光新城民众捐助生活物资
新华网仰光9月28日电(记者张东强)中国和平发展基金会28日与缅甸光明基金会合作,向仰光新城九文台镇区一个村庄的200多户困难家庭捐赠4吨大米等生活物资。这是中国和平发展基金会今年9月以来第2次与当地民间组织合作开展公益活动。
当日,缅甸中国企业商会纺织制衣协会和中缅经济合作发展促进会也一同再次向当地捐赠了大米和5万只防疫口罩。
当地民众表示,目前由于疫情和物价上涨,生活面临极大压力,非常感谢来自中国民间组织的帮助,这些善举为他们解决了目前生活急需,也帮助了他们抗击新冠肺炎疫情。
中国和平发展基金会成立于2011年,10年来在缅甸医疗、教育、人文交流、人道主义救援等领域先后实施了丰富多彩的民生公益项目,为进一步促进中缅友谊发挥了积极作用。(完)