Connect with us

Sino-Myanmar

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်ပစ္စည်းများ ကူညီလှူဒါန်း

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)သည် နေအုပ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း အထည်ချုပ်လုပ်ငန်းဆိုင်ရာအသင်းခွဲ၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းတို့နှင့်အတူ စက်တင်ဘာ ၁၁ ရက်က ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြို့သစ်ဒေသ ကျေးရွာရှိ အခက်အခဲနှင့်ကြုံတွေ့နေရသည့်မိသားစုများအား စားသုံးကုန်၊ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်းကူညီပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFPD)နှင့်အတူ အခြားအသင်းအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အခက်အခဲရှိသူများအား စားသုံးကုန်၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

အခက်အခဲရှိသည့် အိမ်ခြေ (၁၀၀)အတွက် (၂၅)ကီလိုဂရမ် အလေးချိန်ရှိ ဆန်အိတ်(၁၀၀)ကို တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)နှင့် နေအုပ်ဖောင်ဒေးရှင်းတို့အတူပူးပေါင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)ရုံးမှ တာဝန်ခံ ဝန်တယ်စိန်က မိတ်ဆက်ပြောကြားခဲ့သည်။ စားဝတ်နေရေးအခက်အခဲရှိသူများအား အထောက်အပံ့ဖြစ်စေရန်၊ ၎င်းဒေသ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် အချိန်မီ ကူညီမှုရရှိနိုင်အောင် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း အထည်ချုပ်လုပ်ငန်းဆိုင်ရာအသင်းခွဲကလည်း ကျေးရွာသူကျေးရွာသား လူဦးရေ(၂၀၀)ကျော်အတွက်ရည်ရွယ်၍ ဆန်အိတ်(၅၀)ကိုလည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းက ယင်းဒေသရှိဆေးရုံသို့ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ဖြစ်စေရန်အလို့ငှာ ပါးစပ်နှာခေါင်းစည်း အခု (၅)သောင်းအား လည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီကြရမည့်အေးတူပူအမျှအသိုက်အဝန်းဖြစ်ကြောင်း၊ လူသားမျိုးနွယ်သည် ကျန်းမာရေးကံကြမ္မာတူအသိုက်အဝန်းဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲယူဆရာ ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ထုတ်ကုန်ပစ္စည်းအဖြစ်ထား၍ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ဆက်တိုက်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို ကာကွယ်ဆေး(၈.၆)သန်း ပံ့ပိုးခဲ့ရာ ၎င်းတို့အနက် (၃.၉)သန်းကို လှူဒါန်းခဲ့ပါကြောင်း၊ ရောဂါကုသရေးအထောက်အပံ့ဖြစ်စေရန်အလို့ငှာ အောက်ဆီဂျင်စက် အမြောက်အမြား ကူညီပံ့ပိုးပေးခဲ့ကြောင်း ဝန်တယ်စိန်က ဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်မှု ကနဦးထိရောက်မှုများ ရှိလာကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအတူ ကြိုးပမ်းမှုဖြင့် ကပ်ရောဂါကို ဆောလျဉ်းစွာ အနိုင်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFPD)ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ၁၀ နှစ်ကြာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆေးဝါးကုသရေး၊ ပညာရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍများတွင် ကုသိုလ်ဖြစ်ပရဟိတစီမံကိန်းများ လုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံချစ်ကြည်ရေးတစ်ဆင့်တိုးစေရန် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
中国和平发展基金会等机构向缅甸仰光困难民众捐赠生活物资
9月11日,中国和平发展基金会与缅甸内欧基金会合作,会同缅甸中国企业商会纺织制衣协会、中缅经济合作发展促进会向缅甸仰光市九文台镇区仰光新城地区村庄困难家庭捐赠生活及防疫物资。
据中国和平发展基金会驻缅甸办事处主任文德盛介绍,此次中国和平发展基金会与缅甸内欧基金会合作共捐赠100袋25公斤装大米,惠及100户困难家庭。此次捐赠旨在帮助困难村民解决缺粮问题,并为该地区防疫工作提供及时帮助。此外,在捐赠活动现场,缅甸中国企业商会纺织制衣协会向当地村民捐赠了50袋大米,惠及200多人。中缅经济合作发展促进会还向当地寺庙医院捐赠了5万只防疫口罩。
文德盛表示,中缅两国是守望相助的命运共同体,中国始终秉持人类卫生健康共同体理念,把疫苗作为全球公共产品,持续开展抗疫合作。疫情以来,中方已累计向缅方提供860万剂疫苗,其中390万剂为无偿捐赠,并援助了大批的制氧机等医疗物资。目前,缅甸疫情防控取得初步成效。相信在中缅双方共同努力下,缅甸一定能够早日战胜疫情。
中国和平发展基金会成立于2011年,10年来在缅甸医疗、教育、人文交流、人道主义救援等领域先后实施了丰富多彩的民生公益项目,为进一步促进中缅友谊发挥了积极作用。(完)