Connect with us

Culture

ရွှေတိဂုံ စေတီတော် တွင် ၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ ကျင်းပ

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တိဘက် ဒေသ ရှိ စာပေယဉ်ကျေးမှု နှင့် လူနေမှု ဘဝ တို့အား ပိုမို သိရှိနားလည်ရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အား ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ရှိ ချမ်းသာကြီး တန်ဆောင်း ၌ကျင်းပ ပြုလုပ် ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိသူများ ၊ တိဘက် ဘုန်းတော်ကြီး ကျိကျုံး (Ji Zhong) နှင့် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု သုတေသန စင်တာ ဒါရိုက်တာ မစ္စတာ ကျန်းယွင် (Mr.Zhang Yun) တို့ပါဝင် သည့် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး အသင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ အဖွဲ့ဝင် ဦးတင်ဦး နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ တိဘက်ဒေသ နှင့် မြန်မာ နိုင်ငံအကြား ယဉ်ကျေးမှု ဖလှယ်ခြင်းတွင် အားသာချက်များစွာ ရှိနေပြီး တိဘက် ဒေသ သည်လည်း တရုတ် နိုင်ငံ ၏ ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသ တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ တိဘက်ဒေသ နှင့် တွေ့ဆုံဖလှယ်မှု များ ဆောင်ရွက်ခြင်းသည်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးတက်ကောင်းမွန်ရေး အတွက် လွန်စွာ အရေးပါကြောင်း ၊ ယခု ဓာတ်ပုံ ပြပွဲမှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ ပြည်သူတို့က တိဘက်ဒေသ ယဉ်ကျေးမှု နှင့် ပတ်သက်၍ ပိုမိုသိရှိနားလည် နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က တရုတ် နိုင်ငံ တိဘက် ပြည်နယ် သည် မြန်မာ နိုင်ငံ နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ဒေသ တစ်ခု ဖြစ်ပြီး ကီလိုမီတာ ၂၀၀ ကျော် နယ်နမိတ်ချင်း ထိစပ် နေကြောင်း ၊ ယခု ကျင်းပသည့် ဓာတ်ပုံ ပြပွဲမှ တစ်ဆင့် တရုတ် နိုင်ငံ တိဘက်ပြည်နယ်ရှိ ပြည်သူတို့၏ လူနေမှုဘဝ နှင့် ယဉ်ကျေးမှု တို့ကို သိရှိနိုင်ရန် တင်ပြပေးခြင်း ဖြစ်ကြောင်း ၊ တိဘက်ပြည်နယ် နှင့် မြန်မာ နိုင်ငံ တို့က ယဉ်ကျေးမှု အရ လွန်စွာ နီးစပ်ပြီး ဒေသ နှစ်ခုလုံးမှာ ဗုဒ္ဓဘာသာ ကို ယုံကြည်ကိုးကွယ် ကြသော ဒေသများ ဖြစ်ကြောင်း ၊ ယခု ပြပွဲမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်း ရင်းနှီးမှု နှင့် ချစ်ကြည်ရေး ကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ ကျူးဟုန်လိ က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ ကျူးဟုန်လိ (Mr.Zhu Hongli) က တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး အသင်း အနေဖြင့် ပထမ ဦးဆုံး အကြိမ် မြန်မာ နိုင်ငံ သို့လာရောက် ခဲ့ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ နွေးထွေးစွာ ဆက်ဆံမှု ကို ကြုံတွေ့ခဲ့ရကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရှည်လျားသည့် ရိုးရာဆွေးမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး တည်ရှိသော နှစ်နိုင်ငံ ဖြစ်ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်သူလူထု အား အကျိုးကျေးဇူး များစွာ ရရှိစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ ၏ ယဉ်ကျေးမှု ဖလှယ်ခြင်းသည်လည်း ရှည်လျားသော သမိုင်းကြောင်း တည်ရှိခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်ဖွံ့ဖြိုးရန် အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တိဘက်ဒေသ သည် လွန်စွာ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်နေပြီး တိဘက်ယဉ်ကျေးမှု သည်လည်း တရုတ် နိုင်ငံ ၏ တမူထူးခြား သည် ယဉ်ကျေးမှု တစ်ခု ဖြစ်လာ ခဲ့ကြောင်း ၊ ယခု ကျင်းပပြုလုပ်ခဲ့သည့် ဓာတ်ပုံ ပြပွဲ မှ တစ်ဆင့် တရုတ် နိုင်ငံ တိဘက် ဒေသ၏ လက်ရှိ လူနေမှု ဘဝ အခြေအနေ နှင့် စာပေယဉ်ကျေးမှု တို့အား ပိုမို သိရှိနားလည်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ အဖွဲ့ဝင် ဦးတင်ဦး က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ အဖွဲ့ဝင် ဦးတင်ဦး က တိဘက်ဒေသ ရှိ ဗုဒ္ဓယဉ်ကျေးမှု နှင့် လူနေမှုဘဝ တို့ကို သိရှိနိုင်ရန် အတွက် ဓာတ်ပုံပြပွဲ လာရောက် ကျင်းပ ပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တိဘက် ဒေသ အကြား ပိုမို သိရှိနားလည် နိုင်ရန် ပြတင်းပေါက် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ယခုပြပွဲ ကျင်းပ ရသည့် အဓိက ရည်ရွယ်ချက် မှာ မြန်မာ-တရုတ် ချစ်ကြည်ရေး ကို တိုးမြှင့်စေလိုခြင်းဖြစ်ပြီး မိမိ အနေဖြင့် ရွှေတိဂုံ ဂေါပက အဖွဲ့ ကိုယ်စား ယခု ပြပွဲ ဖြစ်မြောက်ရေး အတွက် အဘက်ဘက် မှ ပုံပိုကူညီပေးကြသူများ အားလုံး ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အား လာရောက်ကြည့်ရှုသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ အား လာရောက်ကြည့်ရှုသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံ ပြပွဲ တွင် တိဘက်ဒေသ ၏ ယဉ်ကျေးမှု များဖြစ်သည့် တိဘက် ဗိသုကာ ၊ ပန်းပုပညာ ၊ ပန်းချီပညာ ၊ အလှအပ အဆင်တန်ဆာများ ၊ လတ်မှုအတတ်ပညာများ ၊ ဂီတ ၊ အက ၊ ပြဇတ် ၊ ဘာသာစကား ၊ စာပေ ၊ ရှေးရိုးပုံပြင်စာပေများ ၊ တိဘက်ဆေးပညာ နှင့် နက္ခတ္တဆိုင်ရာ ပြက္ခဒိန် တို့နှင့် ပတ်သက်သည့် ဓာတ်ပုံများကို ခင်းကျင်းပြသ ပေးခဲ့ပြီး ပြပွဲအား တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာန ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) နှင့် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တို့မှ အဓိက ပူးပေါင်းကျင်းပ ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၈ ရက်အထိ တိဘက်ယဉ်ကျေးမှု နှင့် သက်ဆိုင်သော ဓာတ်ပုံများကို ခင်းကျင်း ပြသပေးသွားမည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနား တွင် ဓာတ်ပုံပြပွဲအား လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များအား တိဘက်ဒေသ ၏ လှပသော ရှုခင်းများ ပါရှိသည့် ပြက္ခဒိန်များအား ပေးဝေ ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)