Connect with us

Economy

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ မှ မြန်မာ နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏လူမှု ပတ်ဝန်းကျင် တာဝန်ယူမှုအစီရင်ခံစာ ထုတ်ပြန်ကြေညာ

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ ပိုက်လိုင်းကုမ္ပဏီ ၏ လူမှုအဝန်း တာဝန်ယူမှုအစီရင်ခံစာ (Social responsibility report) ကြေညာခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC) လက်အောက်ရှိ ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ ပိုက်လိုင်းကုမ္ပဏီ မှ မြန်မာ နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ လူမှု ပတ်ဝန်းကျင် တာဝန်ယူမှုအစီရင်ခံစာ (Social responsibility report) ကို ထုတ်ပြန်ကြေညာ သည့် သတင်းစာရှင်းလင်းပွဲ ကို မေလ ၂၅ ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယခု ထုတ်ပြန်ကြေညာခဲ့သည့် အစီရင်ခံစာ သည် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ၏ ပဉ္စမမြောက် နိုင်ငံရပ်ခြား CSR အစီရင်ခံစာ ဖြစ်ပြီး အစီရင်ခံစာ အရ ကုမ္ပဏီသည် ပိုက်လိုင်းဖြတ်သန်းရာ ဒေသဖွံ့ဖြိုးရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည် အကျိုးသက်ရောက်မှုရှိစေရန် အလေးထား ဆောင်ရွက်ခဲ့ကြောင်း ၊ ပိုက်လိုင်း စီမံကိန်း စတင်ချိန်မှစ၍ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ CNPC မှ မြန်မာ နိုင်ငံ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၅၂၅,၀၀၀ ကို လှူဒါန်းခဲ့ကြောင်း ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများ နှင့် အတူ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသ များ၌ လူမှုစီးပွားလုပ်ငန်းပေါင်း ၁၂၀ ခု အတွက် အမေရိကန်ဒေါ်လာ ၁၈.၃ သန်း သုံးစွဲခဲ့ကြောင်း ၊ ပညာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး ၊ လျှပ်စစ် ၊ ရေတွင်းရေကန် ၊ အများပြည်သူသုံး အဆောက်အဦများ နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးများ စုစုပေါင်း ၅၀ ကျော်အတွက် လှူဒါန်းပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံရှိ လူငယ်ပေါင်း ၂ သောင်းကျော်ခန့်၏ ပညာသင်ကြားမှု ပတ်ဝန်းကျင် ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့ပြီး လူပေါင်း ၈ သိန်းခန့်ကို ပိုမို ကောင်းမွန်သည့် ဆေးဝါး ကုသမှု ကို ရရှိစေခဲ့ကာ ကျေးရွာများ ကိုလည်း လျှပ်စစ်မီး ၂၄ နာရီ နှင့် သန့်ရှင်းသည့် သောက်သုံးရေ ကို ရရှိစေခဲ့ကြောင်း သိရှိရသည်။

CNPC အရှေ့တော်အာရှပိုက်လိုင်း ကုမ္ပဏီ(SEAP) အထွေထွေ မန်နေဂျာ ကျန်းချန်းလျန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ထုတ်ပြန်ကြေညာခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ရန်ဆုံကျိန်း(Yang Shouzheng) ၊ CNPC အရှေ့တောင်အာရှပိုက်လိုင်း ကုမ္ပဏီ(SEAP) အထွေထွေ မန်နေဂျာ ကျန်းချန်းလျန် (Jiang Changliang) ၊ CNPC ဒါရိုက်တာ ဘုတ်အဖွဲ့ အတွင်းရေးမှူး နှင့် ရုံးခန်း ညွှန်ကြာရေးမှူး ဝမ်ကျိကန်း (Wang Zhigang) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မြန်မာနိုင်ငံသား ဝန်ထမ်း ကိုယ်စားလှယ် အင်ဂျင်နီယာ ဦးခန့်ညား က ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

CNPC အရှေ့တောင်အာရှပိုက်လိုင်း ကုမ္ပဏီ(SEAP) အထွေထွေ မန်နေဂျာ ကျန်းချန်းလျန် က အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း စတင်ချိန် မှ ယခု အချိန်ထိ မြန်မာ နိုင်ငံတွင် CSR လုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကုမ္ပဏီ ၌ မြန်မာ နိုင်ငံသား ဝန်ထမ်းပေါင်း ၉၀၀ ကျော်ရှိခဲ့ပြီး ဝန်ထမ်း စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိရှိကာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ စီမံကိန်း ဆောင်ရွက်ရာတွင် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ စံချိန်စံညွှန်များ အရ ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ပြီးစီးချိန်တွင်လည်း မူလ သဘာဝပတ်ဝန်းကျင် ပုံစံ ပြန်လည် ရရှိအောင် အမေရိကန် ဒေါ်လာ ၂ သန်းကျော် အသုံးပြု၍ စိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ CNPC ၊ SEAGP နှင့် SEAOP လုပ်ငန်း ၃ ခုတို့မှ ပရဟိတ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၃ သန်း အသုံးပြုခဲ့ပြီး လူမှုစီးပွား ကူညီဆောင်ရွက်မှု စီမံကိန်း ပေါင်း ၁၇၈ ခု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြား နေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မြန်မာနိုင်ငံသား ဝန်ထမ်း ကိုယ်စားလှယ် အင်ဂျင်နီယာ ဦးခန့်ညား က ရှင်းလင်းပြောကြားစဉ်တွင် မိမိအနေဖြင့် ယခု စီမံကိန်း တွင် ပါဝင်လုပ်ကိုင် ခဲ့သည့် အတွက် လုပ်ငန်းပိုင်း ဆိုင်ရာ အတွေ့အကြုံ အများအပြား ရရှိစေခဲ့ပြီး တရုတ် နိုင်ငံ သို့လည်း သွားရောက်ကာ ပညာလေ့လာသင်ယူခွင့် ရရှိစေခဲ့ကြောင်း ၊ ပိုက်လိုင်း ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ အတွင်း လူမှုကူညီရေး လုပ်ငန်းများစွာ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

CNPC ဒါရိုက်တာ ဘုတ်အဖွဲ့ အတွင်းရေးမှူး နှင့် ရုံးခန်း ညွှန်ကြာရေးမှူး ဝမ်ကျိကန်း က အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြားရာတွင် ပိုက်လိုင်း စီမံကိန်း သည် မြန်မာ နိုင်ငံ အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ကို ဖန်တီးပေးနိုင်ခဲ့ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း စနစ်တကျ ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အနေဖြင့်လည်း သက်ဆိုင်အကျိုးအမြတ်အသီးသီး ကို နှစ်စဉ် ရရှိစေခဲ့ကြောင်း ၊ စီမံကိန်း သည် မြန်မာ-တရုတ် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ရန်ဆုံကျိန်း က အမှာစကား ပြောကြား နေစဉ် (ဆင်ဟွာ)

CNPC ဒါရိုက်တာ ဘုတ်အဖွဲ့ အတွင်းရေးမှူး နှင့် ရုံးခန်း ညွှန်ကြားရေးမှူး ဝမ်ကျိကန်း က အမှာစကားပြောကြား ရာတွင် မိမိတို့အနေဖြင့် လူမှုရေးပရဟိတ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး လူမှုပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးရေး အတွက် ကူညီထောက်ပံ့ပေး ခဲ့ကြောင်း ၊ လုပ်ငန်းကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကို အစဉ်အမြဲ ပေါင်းစည်းကာ ခိုင်မြဲစွာ လုပ်ဆောင် ခဲ့ကြောင်း ၊ မိမိ တို့အနေဖြင့် သဘာဝဘေးဒုက္ခများ ဖြစ်ပွားချိန်တွင် အမြန်ဆုံး ကူညီဆောင်ရွက်မှုများ ပေးအပ်ခဲ့ပြီး ကူညီဆောင်ရွက်မှုများမှ တစ်ဆင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကိုလည်း ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ၏ သတင်းဌာန များမှ မေးမြန်းသည့် အစီအစဉ် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ရန်ဆုံကျိန်း က အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အောင်မြင်ခြင်းသည် သမိုင်းကြောင်း ရှည်လျားသည့် တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ကို ပေါ်လွင်စေခဲ့ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကို အခြေခံထားသည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အတွက် အောင်မြင်သည့် ဥပမာ တစ်ရပ် ဖြစ်စေခဲ့ကြောင်း ၊ ယင်းစီမံကိန်း သည်လည်း တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံအကြား ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ၊ မိမိအနေဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များ ပိုမို တွေ့ရှိလိုပြီး ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေကာ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ကို အားဖြည့်သွားလိုကြောင်း ပြောကြား ခဲ့သည်။

သတင်းဌာန များမှ မေးမြန်းသည့် အစီအစဉ် ပြုလုပ်ရာတွင် ဆင်ဟွာ သတင်းဌာန မှ ပိုက်လိုင်း တစ်လျှောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် မြေယာလျော်ကြေး ပေးချေမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့သည့် မေးခွန်း ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားရာတွင် စီမံကိန်း မစတင်ချိန်ကပင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ပြုလုပ် ခဲ့ပြီး စီမံကိန်း စတင်အကောင်အထည် ဖော်ချိန်တွင်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းများကို တင်းကျပ်စွာ စောင့်ကြည့် ဆောင်ရွက်ခဲ့ကြောင်း ၊ စီမံကိန်း ပြီးစီးချိန်တွင်လည်း မြေယာ ပြန်လည် မွမ်းမံရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိချိန်တွင် စိုက်ပျိုးရေး လုပ်ငန်းများပင် ပြန်လည် လုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ မြေယာ လျော်ကြေးပေးမှု ဆောင်ရွက်စဉ် တွင် မြန်မာ နိုင်ငံ ဥပဒေ နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ပိုက်လိုင်း တည်ဆောက်ရာတွင်လည်း အရေးကြီး အဆောက်အဦ နှင့် သဘာဝ ပတ်ဝန်းကျင် တည်နေရာများ ကို ရှောင်ကွင်းကာ တည်ဆောက်ခဲ့ကြောင်း ၊ မြေယာလျော်ကြေးပေးမှု ဆောင်ရွက်ရာတွင်လည်း ဒေသအာဏာပိုင် အစိုးရ နှင့် ပြည်သူလူထု တို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သဘောတူညီမှု ရရှိမှသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လျော်ကြေးပေးချေရာတွင် လည်း သက်ဆိုင်သူများထံ သို့ တိုက်ရိုက်ငွေကြေးပေးချေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)